နံပါတ်(၁၄)ဂျာစီထဲမှာ သွင်းဂိုးများစွာရှိနေတယ်လို့ ယိုကယ်ရက်စ် ပြောကြား

နံပါတ်(၁၄)ဂျာစီထဲမှာ သွင်းဂိုးများစွာရှိနေတယ်လို့ ယိုကယ်ရက်စ် ပြောကြား

အက်သလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးပေါက်ပြန်တွေ့ခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ယိုကယ်ရက်စ်က သူ ဝတ်ဆင်ထားတဲ့ နံပါတ်(၁၄)ဂျာစီထဲမှာ သွင်းဂိုးများစွာရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်ဟာ ဒီပွဲမတိုင်ခင် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၇)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့သလို၊ လက်ရွေးစင်အသင်းရဲ့ပွဲတွေကိုပါ ထည့်တွက်ရင် (၉)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တာပါ။

ဒါပေမဲ့ အက်သလက်တီကိုနဲ့ပွဲမှာတော့ (၂)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပြီး ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့ပါတယ်။

ယိုကယ်ရက်စ်ဟာ အာဆင်နယ်အသင်းမှာ ဂန္ထဝင်တိုက်စစ်မှူး အွန်နရီ ဝတ်ဆင်ခဲ့တဲ့ နံပါတ်(၁၄)ကို ဆက်ခံဝတ်ဆင်ခဲ့တာကြောင့် ဒီအကျင်္ီထဲမှာ သွင်းဂိုးများစွာရှိနေတယ်လို့ ပြောကြားခဲ့တာပါ။

”ဒီခံစားချက်က အရမ်းကောင်းပါတယ်။ ဒီအကျင်္ီထဲမှာ သွင်းဂိုးများစွာ ရှိနေပါတယ်။ အရိုးသားဆုံးပြောရရင် အသင်းမှာ လွတ်နေတဲ့နံပါတ် များများစားစားမရှိပေမဲ့ နံပါတ်(၁၄) လွတ်နေခဲ့တာဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ ဆုလာဘ်တစ်ခုပါပဲ။ ကျွန်တော်တို့ ဆုဖလားများစွာ ရယူသွားချင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ လိုအင်ဆန္ဒဖြစ်ပြီး အရေးအကြီးဆုံးအရာလည်းဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော် အကူအညီဖြစ်ချင်ပါတယ်။ ဂိုးတွေ သွင်းချင်ပါတယ်” လို့ ယိုကယ်ရက်စ်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ သမိုင်းတစ်လျှောက် ကျောနံပါတ်(၁၄) ဝတ်ဆင်ခဲ့တဲ့ ကစားသမားတွေထဲမှာ ပြင်သစ်တိုက်စစ်မှူး အွန်နရီက အအောင်မြင်ဆုံးဖြစ်ခဲ့သလို၊ ပရီးမီးယားလိဂ်ခေတ်မှာ အာဆင်နယ်အသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးခဲ့တာကလည်း ကျောနံပါတ်(၁၄)ဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။