နော်တင်ဟမ်အသင်းနည်းပြအဖြစ် ရှောင်ဒိုက်ကို ခန့်အပ်ဖို ပိုမိုနီးစပ်လာ

နေ်တင်ဟမ်ဖောရက်စ်အသင်းဟာ အသင်းနည်းပြသစ်အဖြစ် ရှောင်ဒိုက်ကို ခန့်အပ်ဖို ပိုမိုနီးစပ်လာ
ခဲ့ပါတယ်။

ဘန်လေနဲ့ အဲဗာတန်နည်းပြဟောင်း ရှောင်ဒိုက်ဟာ ပိုစတီကိုဂလူး ထုတ်ပယ်ခံရကတည်းက ရေပန်းအစားဆုံး ဖြစ်ခဲ့တာပါ။

နော်တင်ဟမ်နဲ့ ရှောင်ဒိုက်အကြား ဆွေးနွေးမှုတွေဟာ အပြီးသတ်လုနီးပါး ဖြစ်နေပြီလိုလည်း သတင်းရင်းမြစ်တွေက BBC Sport ကို ပြောခဲ့ပါတယ်။

နော်တင်ဟမ်အသင်း တာဝန်ရှိသူတွေဟာ မန်စီးတီးနည်းပြဟောင်း မန်ချီနီနဲ့လည်း ဆွေးနွေးခဲ့ပြီး
ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားကိုလည်း စိတ်ဝင်စားခဲ့ကြပါတယ်။

ဒါပေမဲ့ ဖူလ်ဟမ်နဲ့ ရာသီကုန်အထိ စာချုပ်သက်တမ်းရှိနေတဲ့ မာကိုဆေးလ်ဗားကို ခေါ်ယူရင် လျော်ကြေး ပေါင် ၁၃ သန်းလောက် ပေးရဖိုရှိလို လက်လျှော့ခဲ့ပုံရပါတယ်။

ရှောင်ဒိုက်ဟာ နော်တင်ဟမ်အသင်းကြီးမှာ မကစားခဲ့ဖူးပေမဲ့ ၁၉၈၀ နှောင်းပိုင်းနှစ်တွေမှာ လူငယ်ကစားသမားတစ်ဦးအဖြစ် ဖြတ်သန်းခဲ့ဖူးပါတယ်။

၎င်းအနေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အဲဗာတန်အသင်းကနေ ထုတ်ပယ်ခံရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတာ ဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။