ဒီယွန်းကို ၂၀၂၉ ခုနှစ်အထိ ဘာစီလိုနာအသင်း သက်တမ်းတိုးစာချုပ်ချုပ်ဆို

ဘာစီလိုနာအသင်းဟာ နယ်သာလန်ကွင်းလယ်ကစားသမား ဒီယွန်းကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။

ဒီယွန်း(၂၈ နှစ်)ဟာ ၂၀၁၉ ဇန်နဝါရီမှာ အေဂျက်စ်ကနေ ဘာစီလိုနာကို ယူရို(၇၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပေမဲ့ အပြောင်းအရွှေ့သတင်းတွေ မကြာခဏထွက်ပေါ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းက သူ့ရဲ့ မြင့်မားတဲ့ လစာနှုန်းထားကြောင့် ပြန်လည်ရောင်းထုတ်ဖို ဆန္ဒရှိနေကြောင်းလည်း သတင်းထွက်ခဲ့ပေမဲ့ အသင်းမှာဆက်ရှိနေခဲ့တဲ့အပြင် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့တာပါ။

ဒါပေမဲ့ ဒီယွန်းဟာ အရင်စာချုပ်အရ တစ်နှစ်လစာ ယူရို(၁၉)သန်းရရှိခဲ့ပေမဲ့ စာချုပ်သစ်မှာ တစ်နှစ်ယူရို(၁၀)သန်းနှုန်းသာရရှိတော့မှာဖြစ်ပြီး စာချုပ်လျော်ကြေးကိုတော့ ယူရိုသန်း(၄၀၀)ကနေ ယူရိုသန်း(၅၀၀)ကို တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။

ဒီယွန်းကတော့ သူ လစာဘယ်လောက်ရနေသလဲဆိုတာ ပြောမပြနိုင်ပေမဲ့ သတင်းတွေမှာ ဖော်ပြနေတာကတော့ အလွန်အမင်းချဲ့ကားနေကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။