တံကောက်ကြောဒဏ်ရာရထားတဲ့ ချယ်လ်ဆီးတိုက်စစ်မှူး ဒီလပ် ဒီဇင်ဘာလအထိ နားရမယ်

တံကောက်ကြောဒဏ်ရာရထားတဲ့ ချယ်လ်ဆီးတိုက်စစ်မှူး ဒီလပ် ဒီဇင်ဘာလအထိ နားရမယ်

တံကောက်ကြောဒဏ်ရာရထားတဲ့ ချယ်လ်ဆီးတိုက်စစ်မှူး ဒီလပ်ဟာ ဒီဇင်ဘာလအထိ အနားယူရဖို့ ရှိနေပါတယ်။

ချယ်လ်ဆီးနည်းပြ မာရက်စကာက ဒီလပ်ဟာ ရက်သတ္တပတ် ၁၀ ပတ်ကနေ ၁၂ ပတ်အထိ နားရနိုင်တယ်လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းကတော့ ဒီလပ်ကို နိုဝင်ဘာလအတွင်း ပြန်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒီလပ်ဟာ ဖူလ်ဟမ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲအစ ၁၄ မိနစ်မှာပဲ ဒဏ်ရာရခဲ့တာဖြစ်တယ်။

ပြီးခဲ့တဲ့ဇွန်လက အစ်ဆွစ်ချ်အသင်းကနေ ပေါင် သန်း ၃၀နဲ့ ရောက်ရှိလာတဲ့ ဒီလပ်ဟာ အခုရာသီ သုံးပွဲစလုံး ပါဝင်ကစားခဲ့ပါတယ်။

ဒီလပ် ဒဏ်ရာရသွားလို့ လက်ရှိ ချယ်လ်ဆီးအသင်းမှာ အထောင်တိုက်စစ်နေရာအတွက် ဂျော်အိုပတ်ဒရိုနဲ့ မက်ဂျူတို့သာ ကျန်ပါတော့တယ်။

မက်ဂျူကို ဆန်းဒါးလန်းအသင်းထံ အငှားချခဲ့ပေမဲ့ ဖျက်သိမ်းပြီး ပြန်ခေါ်ထားတာဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။