တိုက်စစ်မှူး ဟာရီကိန်းကို စာချုပ်သက်တမ်းမတိုးဖို ဟာမန်း တိုက်တွန်း

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူဟောင်းဖြစ်တဲ့
ဒီယက်မာဟာမန်းက အသင်းအနေနဲ့ တိုက်စစ်မှူး ဟာရီကိန်းကို စာချုပ်သက်တမ်းမတိုးဖို တိုက်တွန်းခဲ့ပါတယ်။

ဟာရီကိန်း(၃၂ နှစ်)ဟာ ဘိုင်ယန်အသင်းမှာ ခြေစွမ်းပြနေပြီး အခုရာသီ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူထားပါတယ်။

၂၀၂၃ နွေရာသီမှာ အသင်းကိုရောက်လာတဲ့ ဟာရီကိန်းအနေနဲ့ ကစားသမားဘ၀ ပထမဆုံးဆုဖလားတွေအဖြစ် ပြီးခဲ့တဲ့လအနည်းငယ်က ဘွန်ဒစ်လီဂါနဲ့ ဂျာမန်စူပါဖလားတွေ ရယူခဲ့ပြီး အသင်းနဲ့အတူ နောက်ထပ်အောင်မြင်မှုတွေရဖို မျှော်လင့်နေပါတယ်။

ဟာရီကိန်းရဲ့လက်ရှိစာချုပ်ဟာ ၂၀၂၇ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေတာဖြစ်တယ်။

”ဒါဟာ(စာချုပ်သက်တမ်းတိုးမှု) ရူးနှမ်းတဲ့လုပ်ရပ် ဖြစ်လိမ့်မယ်။ စာချုပ်သက်တမ်းပြည့်ချိန်မှာ သူက ၃၄ နှစ် ရှိနေပါပြီ။ စာချုပ်သက်တမ်း လ ၂၀ လောက် ကျန်နေသေးလို စာချုပ်သက်တမ်း မတိုးသင့်ပါဘူး။ ဒါက ရူးနှမ်းတဲ့ လုပ်ရပ်ပါပဲ”လို နယူးကာဆယ်၊ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဟာမန်းက The Sun ကို ပြောခဲ့ပါတယ်။

ဟာရီကိန်းရဲ့စာချုပ်မှာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ပြီးရင် ပေါင် ၅၆.၇ သန်းနဲ့ ထွက်ခွာခွင့်ပေးရမယ့်အချက် စတင်သက်ဝင်မယ်လို သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဟာရီကိန်းကတော့ ပရီးမီးယားလိဂ်ကို ပြန်မယ့်သတင်းတွေကို မကြာသေးခင်ကမှ ငြင်းဆန်ထားပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။