ဇာဗီဆိုင်မွန်စ်နဲ့ ဟာတိုတို နှစ်ဦးစလုံးကိုချယ်လ်ဆီး ခေါ်ယူမယ်

ချယ်လ်ဆီးအသင်းဟာ လိုက်ပ်ဇစ်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်စ်နဲ့ ယိုရဲလ်ဟာတိုတို နှစ်ဦးစလုံးကို ခေါ်ယူသွားမယ်လို သိရပါတယ်။

နှစ်ဦးစလုံးရဲ့အပြောင်းအရွှေ့တွေဟာ အပြီးသတ်သဘောတူညီမှုရရှိဖို နီးစပ်နေပြီလိုလည်း သတင်းတွေ ထွက်နေပါတယ်။

PSG ကနေ ကနဦးအငှားလာကစားတဲ့ ဆိုင်မွန်စ်(၂၂ နှစ်)ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကမှ လိုက်ပ်ဇစ်အသင်းထံ ကနဦး ယူရို သန်း ၅၀+ Add-ons ကြေး ယူရို သန်း ၃၀ နဲ့ အပြီးသတ်ခေါ်ယူခဲ့တာပါ။

ဒါကြောင့် လိုက်ပ်ဇစ်အသင်းအနေနဲ့ ဆိုင်မွန်စ်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ ဝန်းကျင်ရမှ ရောင်းထုတ်ဖွယ် ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းဟာ အေဂျက်စ်အသင်းက ဒတ်ချ်ဆယ်ကျော်သက်နောက်ခံလူ ဟာတိုကိုလည်း ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ ဝန်းကျင်နဲ့ သဘောတူညီမှုရဖို နီးစပ်နေ
ပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ မန်ယူနိုက်တက်အသင်းက ဂါနာချို၊ အက်စတွန်ဗီလာအသင်းက မော်ဂန်ရော်ဂျာစ်၊ ရီးယဲလ်
မက်ဒရစ်အသင်းက ရိုဒရီဂို၊ အေစီမီလန်ဂိုးသမား မီနွန်တိုနဲ့လည်း သတင်းထွက်နေ
ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။