စီရော်နယ်လ်ဒို ကစားသမားဘ၀ ဂိုး ၉၅၀ပြည့်မြောက်

စီရော်နယ်လ်ဒို ကစားသမားဘ၀ ဂိုး ၉၅၀ ပြည့်မြောက်

အယ်လ်နာဆာအသင်းခေါင်းဆောင်
စီရော်နယ်လ်ဒိုဟာ အယ်လ်ဟာဇင်ကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲ ၈၈ မိနစ်မှာ အသင်းအတွက် ဒုတိယဂိုး သွင်းယူပြီးနောက် ကစားသမားဘ၀ ဂိုး ၉၅၀ ပြည့်မြောက်ခဲ့ပါတယ်။

၎င်းဟာ ကစားသမားသက်တမ်းတစ်လျှောက် စပို့တင်းလစ္စဘွန်းအတွက် ငါးဂိုး၊ မန်ယူနိုက်တက်အတွက် ၁၄၅ ဂိုး၊ ရီးယဲလ်မက်ဒရစ်အတွက် ဂိုး ၄၅၀၊ ဂျူဗင်တပ်စ်အတွက် ၁၀၁ ဂိုး၊ အယ်လ်နာဆာအတွက် ၁၀၆ ဂိုး၊ ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက် ၁၄၃ ဂိုး
သွင်းယူထားပါတယ်။

အမျိုးသားဘောလုံးသမိုင်းမှာ ဂိုးအများဆုံးအဖြစ် ရပ်တည်နေတဲ့ စီရော်နယ်လ်ဒိုနောက်မှာ မက်ဆီက ၈၉၁ ဂိုး၊ ပီလီက ၇၆၂ ဂိုး၊ ရိုမာရီယိုက ၇၅၆ ဂိုး၊ ပွတ်ရှ်ကပ်စ်က ၇၂၅ ဂိုးနဲ့ အသီးသီးရှိနေပါတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ အခုရာသီ ဆော်ဒီလိဂ်မှာ ခြောက်ဂိုး သွင်းထားပြီး ပြိုင်ပွဲစုံမှာတော့ ခုနစ်ဂိုး ရှိနေပါတယ်။

၎င်းအဖို့ ဂိုး ၁၀၀၀ အိပ်မက်အတွက် ဂိုး ၅၀ တိတိသာ လိုအပ်တော့တာဖြစ်ပါတယ်။

ဂိုး ၉၅၀ ပြည့်ပြီးနောက် စီရော်နယ်လ်ဒိုက ”အသင်းနိုင်ပွဲအတွက် ကူညီရလို့နဲ့ ဂိုး ၉၅၀ ပြည့်မြောက်လို့ ပျော်ရွှင်မိပါတယ်။ နောက်ထပ်သွင်းဂိုးတွေလည်း အမြဲတမ်းဆာလောင်နေပါတယ်”လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။