ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်မှာ အင်္ဂလန်ကလပ်(၉)သင်းစလုံး (၁၆)သင်းအဆင့် တက်ရောက်နိုင်ခဲ့

ဒီရာသီမှာ ဥရောပပြိုင်ပွဲ(၃)ခုဖြစ်တဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ အင်္ဂလန်ကလပ်(၉)သင်းစလုံး (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ နယူးကာဆယ်နဲ့ စပါးတို့ ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အားလုံး (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့သလို၊ ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အက်စတွန်ဗီလာနဲ့ နော်တင်ဟမ်ဖောရက်စ်၊ ကွန်းဖရန့်လိဂ်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်တို့လည်း (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။

မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ် ဒုတိယအကျော့မှာ နော်တင်ဟမ်ဖောရက်စ်က ဖီနာဘာချီကို (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ပထမအကျော့မှာ (၃-၀)ဂိုးနဲ့ အနိုင်ရထားတာကြောင့် နှစ်ကျော့ပေါင်း(၄-၂)ဂိုးနဲ့ (၁၆)သင်းအဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။

ကွန်းဖရန့်လိဂ်မှာ ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ကတော့ ပထမအကျော့မှာ (၁-၁)ဂိုးနဲ့ သရေကျခဲ့ပေမဲ့ ဒုတိယအကျော့မှာ (၂-၀)ဂိုးနဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်း(၃-၁)ဂိုးနဲ့ (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။

ဒီပြိုင်ပွဲ(၃)ခုရဲ့ (၁၆)သင်းအဆင့်နဲ့ နောက်ပိုင်းအဆင့်တွေအတွက် မဲခွဲပွဲတွေကို ဒီနေ့ ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ(၅း၃၀)နာရီမှာ စတင်မှာဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။