ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ လီဗာပူးလ်အသင်းအတွက် ဂိုးသမား ဖရက်ဒီဝုဒ်မန်း ပွဲထွက်ခွင့်ရဖွယ်ရှိ

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ လီဗာပူးလ်အသင်းအတွက် ဂိုးသမား ဖရက်ဒီဝုဒ်မန်း ပွဲထွက်ခွင့်ရဖွယ်ရှိ

လီဗာပူးလ်အသင်းဟာ အင်္ဂလန်ဂိုးသမား ဖရက်ဒီဝုဒ်မန်းကို ဒီနေ့ည ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ကစားမယ့် လိဂ်ဖလားစတုတ္ထအဆင့်ပွဲမှာ ပွဲထွက်ခွင့်ပြုဖွယ်ရှိကြောင်း သိရပါတယ်။

အင်္ဂလန်အသင်းရဲ့ သက်တမ်းအလိုက် လူငယ်အသင်းအဆင့်ဆင့်မှာ ရွေးချယ်ခံခဲ့ရဖူးတဲ့ ဖရက်ဒီဝုဒ်မန်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပရက်စတန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်လာခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန် ဒဏ်ရာရနေတာကြောင့် မာမာဒက်ရှ်ဗီလီကို အသုံးပြုနေရတဲ့အတွက် ပြည်တွင်းဖလားပွဲမှာ ဖရက်ဒီဝုဒ်မန်းကို အခွင့်အရေးပေးဖို့ စဉ်းစားနေခြင်းဖြစ်ကြောင်း သိရပါတယ်။

အသက်(၂၈)နှစ်ရှိပြီဖြစ်တဲ့ ဖရက်ဒီဝုဒ်မန်းဟာ လီဗာပူးလ်အသင်းအတွက် တစ်ပွဲမှ ကစားခွင့်မရသေးတဲ့အတွက် ဒါဟာ ပထမဆုံးပွဲထွက်မှု ဖြစ်လာဖွယ်ရှိကြောင်းလည်း သိရပါတယ်။

နယူးကာဆယ်အသင်းမှာတုန်းက ပရီးမီးယားလိဂ်ပွဲတချို့ ကစားခဲ့ဖူးတဲ့ ဖရက်ဒီဝုဒ်မန်းက ရာသီကြိုပွဲစဉ်ဖြစ်စေ၊ ပြိုင်ပွဲဖြစ်စေ လီဗာပူးလ်အသင်းအတွက် ကစားခွင့်ရချိန်မှာ အကောင်းဆုံးကြိုးစားသွားမှာဖြစ်ကြောင်း အသင်းနဲ့ စာချုပ်ချုပ်ဆိုချိန်မှာ ပြောကြားခဲ့ဖူးပါတယ်။

ဖရက်ဒီဝုဒ်မန်းဟာ ၂၀၁၇ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေလက်အိတ်ဆု ဆွတ်ခူးနိုင်ခဲ့သူဖြစ်ကြောင်းလည်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။