ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲနဲ့ စီရော်နယ်လ်ဒိုလွဲချော်နိုင်သလား

ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲနဲ့ စီရော်နယ်လ်ဒို လွဲချော်နိုင်သလား

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ အိုင်ယာလန်ကို ဝ-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပြသခံရတဲ့ အနီကတ်ကြောင့် ခြေစစ်ပွဲအောင်ခဲ့ရင် အနည်းဆုံး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲကို လွဲချော်ဖို့ရှိနေပါတယ်။

၎င်းဟာ အိုင်ယာလန်ကစားသမား ဒါရာအိုရှေးရဲ့ကျောကို နောက်ကနေ ပခုံးနဲ့တိုက်ခဲ့လို့ အနီကတ်ပြသခံခဲ့ရတာဖြစ်တယ်။

ကနဦး အဝါကတ်သာ ပြသခံရပေမဲ့ VAR ပြန်ကြည့်ပြီးနောက် အနီကတ်အဖြစ် ပြောင်းလဲသွားခဲ့ရတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ အနီကတ်ပြစ်ဒဏ်အရ ကနဦး အာမေးနီးယားနဲ့ ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲကို လွဲချော်ရမှာပါ။

ဒါပေမဲ့ အနည်းဆုံး နိုင်ငံတကာပွဲ နှစ်ပွဲပယ်ပြစ်ဒဏ် ကျခံရနိုင်တယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

FIFA စည်းကမ်းထိန်းသိမ်းရေးကော်မတီက အရေးယူမှုကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်တယ်။

အခုဖြစ်စဉ်ဟာ အကြမ်းဖက်အပြုအမူ ခေါင်းစဉ်အောက်ရောက်နေပြီး ဥပဒေအရတော့ အနည်းဆုံး သုံးပွဲနဲ့အထက် ပွဲပယ်ခံရမှာဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။