ကစားသမားဘ၀ ဟက်ထရစ် ၂၇ ကြိမ် ရှိလာတဲ့ ဟာလန်း

ကစားသမားဘ၀ ဟက်ထရစ် ၂၇ ကြိမ် ရှိလာတဲ့ ဟာလန်း

အစ္စရေးကို ၅-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နော်ဝေတိုက်စစ်မှူး ဟာလန်းက ဟက်ထရစ်သွင်းခဲ့ပြီး ကစားသမားဘ၀ ဟက်ထရစ် ၂၇ ကြိမ် ရှိလာခဲ့ပါတယ်။

ဟာလန်းဟာ နော်ဝေအသင်းအတွက် ခြောက်ကြိမ်၊ မိုလ်ဒီအသင်းအတွက် တစ်ကြိမ်၊ ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် ငါးကြိမ်၊ ဒေါ့မွန်အသင်းအတွက် လေးကြိမ်၊ မန်စီးတီးအသင်းအတွက် ၁၁ ကြိမ် သွင်းယူခဲ့ပါတယ်။

နိုင်ငံလက်ရွေးစင်အသင်းသမိုင်းမှာ ဟက်ထရစ်အများဆုံးဖြစ်ကြတဲ့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီ (၁၀ ကြိမ်)တို့ကို လိုက်မီဖို့ လေးကြိမ်သာ လိုပါတော့တယ်။

ဟာလန်းအနေနဲ့ နိုင်ငံလက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ပွဲအနည်းဆုံးနဲ့ ဂိုး ၅၀ ပြည့်တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ဟာလန်းဟာ အခုဟက်ထရစ်အပါအဝင် နိုင်ငံသွင်းဂိုး ၅၁ ဂိုး ရှိလာကာ ၄၆ ပွဲသာ ကစားခဲ့ရပြီး ယခင်စံချိန်တင်ထားတဲ့ ဟာရီကိန်းရဲ့ ၇၁ ပွဲကို ကျော်ဖြတ်ခဲ့ပါတယ်။

၎င်းဟာ အခုရာသီမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၁၀ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာဖြစ်တယ်။

အခုရာသီ ပြိုင်ပွဲစုံ ၁၂ ပွဲသာ ကစားထားရပေမဲ့ ဂိုးပေါင်း ၂၁ ဂိုးအထိ သွင်းထားနိုင်ခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။