၂၀၂၅- ၂၆ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ
ပွဲစဥ် (၁၀) ကို ပြီးခဲ့တဲ့ဒီဇင်ဘာ (၂၄၊ ၂၆) ရက်
များက ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိချန်ပီယံ ISPE အသင်းကပဲ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေခဲ့ကြောင်း သိရပါတယ်။
ပွဲစဥ် (၁၀) ရဲ့ ပထမနေ့မှာ Y.R.E.O အသင်းနဲ့ Young Lionesses အသင်းတို့ ဂိုးမရှိသရေကျခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်စီးတီးအသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒုတိယနေ့မှာ အဆင့် (၂) နေရာက ဧရာဝတီအသင်းနဲ့ အဆင့် (၃) နေရာက သစ္စာအားမာန်အသင်းတို့ တွေ့ဆုံခဲ့ကြပြီး ဧရာဝတီအသင်းက (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
အဲဒီပွဲမှာ မိနစ် (၉၀) ပြည့်ချိန်အထိ တစ်ဖက်တစ်ဂိုးစီ သရေကျနေပြီး နာကျင်အချိန်ပိုမှာ မြန်မာ့လက်ရွေးစင်ကစားသမား ဖြူဖြူဝင်းက ဧရာဝတီအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ
ဖြစ်ပါတယ်။
လက်ရှိချန်ပီယံ ISPE အသင်းကတော့ မြဝတီအသင်းကို (၃-၀) ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ISPE အသင်းအတွက် ဂိုးတွေကို ခင်မာလာထွန်း၊ စုပြည့်ပြည့်ကျော်နဲ့ လင်းမြင့်မိုရ်တို့က သွင်းယူပေးခဲ့ကြောင်း သိရပါတယ်။
ပွဲစဥ် (၁၀) အပြီး အမှတ်ပေးဇယားထိပ်ဆုံးက လက်ရှိချန်ပီယံ ISPE အသင်းနဲ့ ဒုတိယနေရာက ဧရာဝတီအသင်းတို့ဟာ ရမှတ် (၁) မှတ်ကွာဟမှုနဲ့ ချန်ပီယံဆုအတွက် အပြိုင်ဆက်လက်ဖြစ်နေ
ပါတယ်။