■ တိုက်စစ်မှူး ယိုကယ်ရက်စ်ကို နည်းပြ  အာတေတာ ထောက်ခံ

အာဆင်နယ်အသင်းနည်းပြ အာတေတာက ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ယိုကယ်ရက်စ်ကို ထောက်ခံအားပေးမှု ပြုလုပ်ခဲ့ပါတယ်။

ယိုကယ်ရက်စ်(၂၇ နှစ်)အနေနဲ့ ဒုတိယရာသီဝက်မှာ နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ယိုကယ်ရက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းကနေ အာဆင်နယ်အသင်းထံ ယူရို ၇၃ သန်းနဲ့ ရောက်ရှိခဲ့တာပါ။

ဒါပေမဲ့ ပြိုင်ပွဲစုံ ၁၉ ပွဲကစားပြီးချိန်မှာ ခြောက်ဂိုးသာ သွင်းယူထားနိုင်လို့ ဝေဖန်မှုတွေ ခံနေရပါတယ်။

ပြီးခဲ့တဲ့ ဝုလ်ဗ်နဲ့ပွဲက သူ့ရဲ့ခြေစွမ်းကလည်း အများထောက်ပြစရာဖြစ်ခဲ့တယ်။

အာဆင်နယ်အနေနဲ့ ဘုန်းမောက်တိုက်စစ်ကစားသမား ဆယ်မန်ယိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့လည်း သတင်းထွက်နေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။