၂၀၂၅ Globe Soccer ဆုပေးပွဲမှာ အကောင်းဆုံးကစားသမားဆုကို ဒမ်ဘီလီ၊ အရှေ့အလယ်ပိုင်းအကောင်းဆုံးကစားသမားဆုကို စီရော်နယ်လ်ဒို ရရှိ

၂၀၂၅ Globe Soccer ဆုပေးပွဲကို မနေ့က ကျင်းပခဲ့ရာမှာ အကောင်းဆုံးကစားသမားဆုကို PSG အသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီ ရရှိခဲ့ပြီး အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက အရှေ့အလယ်ပိုင်းအကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်း သိရပါတယ်။

၂၀၂၅ Globe Soccer ဆုပေးပွဲကို ဒူဘိုင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်က (၁၆)ကြိမ်မြောက်ဖြစ်ပါတယ်။

ဒီနှစ် ဆုရရှိခဲ့သူတွေကတော့ အကောင်းဆုံးကစားသမားဆုကို ဒမ်ဘီလီ၊ အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို ဘွန်မာတီ(ဘာစီလိုနာ)၊ အကောင်းဆုံးနည်းပြဆုကို အန်နရီကေး(PSG)၊ အကောင်းဆုံးထွန်းတောက်လာတဲ့ကစားသမားဆုကို ဒူအီ(PSG)၊ အရှေ့အလယ်ပိုင်းအကောင်းဆုံးကစားသမားဆုကို စီရော်နယ်လ်ဒို၊ အကောင်းဆုံးအမျိုးသားကလပ်အသင်းဆုကို PSG ၊ အကောင်းဆုံးအမျိုးသမီးကလပ်အသင်းဆုကို ဘာစီလိုနာ၊ အကောင်းဆုံးကွင်းလယ်ကစားသမားဆုကို ဗီတင်ညာ(PSG)၊ အကောင်းဆုံးရှေ့တန်းကစားသမားဆုကို ယမားလ်(ဘာစီလိုနာ)၊ အကောင်းဆုံးအားကစားဒါရိုက်တာဆုကို လူးဝစ်ကမ်ပို့စ်(PSG)၊ အကောင်းဆုံးအေးဂျင့်ဆုကို ဂျော့ချ်မန်ဒက်စ်၊ အကောင်းဆုံးအားကစားဥက္ကဋ္ဌဆုကို အယ်လ်ခီလိုင်ဖီ(PSG)၊ အကောင်းဆုံး Content Creator ဆုကို ဘီလယ်ဟာဒက်၊ မာရာဒိုနာဆုကို ယမားလ်၊ အကောင်းဆုံးအကယ်ဒမီဆုကို Right to Dream Academy(ဂါနာ)၊ အကောင်းဆုံး Comeback ဆုကို ပေါ့ဘာ(မိုနာကို)၊ အကောင်းဆုံးလက်ရွေးစင်အသင်းဆုကို ပေါ်တူဂီ၊ အကောင်းဆုံးအားကစားအမှတ်တံဆိပ်ဆုကို LAFC၊ အကောင်းဆုံးစိတ်ပိုင်းဆိုင်ရာနည်းပြဆုကို ရိုမာနာဇီ၊ Player Career Award ဆုကို နာကာတာနဲ့ အင်နီယေစတာတို့ ရရှိခဲ့ပြီး ဒီနှစ်မှာမှ စတင်ချီးမြှင့်တဲ့ Globe Sports Award ဆုကိုတော့ နာမည်ကျော်တင်းနစ်ကစားသမား ဂျိုကိုဗစ် ရရှိခဲ့ပါတယ်။

Globe Soccer ဆုပေးပွဲကို ၂၀၁၀ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပေမဲ့ အကောင်းဆုံးကစားသမားဆုကို ၂၀၁၁ ခုနှစ်မှာမှ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး စီရော်နယ်လ်ဒိုက (၆)ကြိမ်ရရှိကာ အများဆုံးအဖြစ် ဦးဆောင်နေပါတယ်။

စီရော်နယ်လ်ဒိုက အရှေ့အလယ်ပိုင်းအကောင်းဆုံးကစားသမားဆုကိုလည်း (၃)နှစ်ဆက်တိုက်ရရှိထားပြီး နည်းပြတွေထဲမှာ အများဆုံးရရှိထားသူကတော့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ (၃)ကြိမ်ရရှိထားတဲ့ အန်ဆယ်လော့တီဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။