အကီတီကေ အကောင်းဆုံးပုံစံရဖို့ လိုအပ်တယ်လို့ အာနယ်ဆလော့ တိုက်တွန်း

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က တိုက်စစ်မှူး အကီတီကေအနေနဲ့ အသင်းမှာ အကောင်းဆုံးပုံစံရဖို့ လိုအပ်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

အကီတီကေဟာ နောက်ဆုံးပွဲထွက်ကစားခွင့်ရတဲ့

ပရီးမီးယားလိဂ်လေးပွဲမှာ ငါးဂိုး သွင်းယူနိုင်ခဲ့

ပါတယ်။

၎င်းဟာ ဖရန့်ဖတ်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ပထမဆုံးသုံးပွဲမှာ ဂိုးသွင်းယူနိုင်mခဲ့တာပါ။

အကီတီကေ(၂၂ နှစ်)ဟာ အခုရာသီမှာ လီဗာပူးလ်အသင်းအတွက် ၂၄ ပွဲကစားကာ ၁၁ ဂိုး သွင်းယူပေးထားပါတယ်။

နည်းပြ အာဆင်နယ်ဆလော့က အီဆက်ခ် ဒဏ်ရာရ၊ ဆာလာကိုလည်း အာဖရိကနိုင်ငံများဖလား စေလွှတ်ထားရလို့ အကီတီကေထံက အကောင်းဆုံးပုံစံကို အလိုရှိနေတာဖြစ်တယ်။

လီဗာပူးလ်အသင်းဟာ ပြိုင်ပွဲစုံ ခြောက်ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားပြီး သုံးပွဲဆက် အနိုင်ရထား

ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။