လာဇီယိုတိုက်စစ်မှူး ကက်စတယ်လာနို့စ်ကို ဝက်စ်ဟမ်းအသင်း ခေါ်ယူ

ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲရောက်နေတဲ့ ဝက်စ်ဟမ်းအသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး ကက်စတယ်

လာနို့စ်ကို ခေါ်ယူခဲ့ပါတယ်။

ကက်စတယ်လာနို့စ်(၂၇ နှစ်)ဟာ ဝက်စ်ဟမ်းအသင်းနဲ့ လေးနှစ်ခွဲသက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်

တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။

ကက်စတယ်လာနို့စ်ရဲ့ပြောင်းရွှေ့ကြေးကတော့ ပေါင် ၂၅ သန်းဝန်းကျင်ရှိမယ်လို့ သိရပါတယ်။

၎င်းဟာ ၂၀၂၃ ခုနှစ်မှာ လာဇီယိုအသင်းထံ ရောက်ရှိလာပြီး ပြိုင်ပွဲစုံ ၉၈ ပွဲကစားကာ ၂၂ ဂိုးသွင်း၊ ၁၆ ဂိုး ဖန်တီးခဲ့ပါတယ်။

ကက်စတယ်လာနို့စ်အနေနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် နှစ်ပွဲ ကစားခဲ့ပြီး နယူးယောက်စီးတီး၊

ဂျီရိုနာစတဲ့ ကလပ်တွေမှာလည်း ကစားခဲ့ဖူးပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ မကြာသေးခင်က ပေါ်တူဂီကလပ် ဗီဆင်တေးအသင်းက ဘရာဇီးလ်တိုက်စစ်မှူး ပါဘ

လိုဖိလစ်ပီကို ပေါင် ၂၂ သန်းနဲ့ ခေါ်ယူထားပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။