ရုပ်သံကင်မရာသမားနဲ့ ဂွါဒီယိုလာ ပြဿနာ ထပ်ဖြစ်ခဲ့

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ နော်တင်

ဟမ်ဖောရက်စ်အသင်းနဲ့ပွဲအပြီး ရုပ်သံကင်မရာသမားနဲ့ ပြဿနာထပ်ဖြစ်ခဲ့ပါတယ်။

၎င်းဟာ အဝေးကွင်းလိုက်ပါအားပေးတဲ့ အသင်းပရိသတ်တွေရှေ့ သွားရောက်အောင်ပွဲခံချိန်မှာ

အခုဖြစ်စဉ် ပေါ်ပေါက်ခဲ့တာပါ။

ဂွါဒီယိုလာဟာ ပရိသတ်ရှေ့မှာ ဂုဏ်ပြုနှုတ်ဆက်ရှေ့ချိန် ကင်မရာသမားက သူ့ရှေ့တည့်တည့်ကနေ ကာဆီးထားသလို ဖြစ်ခဲ့တယ်။

၎င်းက ဒေါသထွက်နေတဲ့ အမူအရာနဲ့ ဖယ်ရှားခိုင်းတဲ့နောက် ကင်မရာသမားက သူရှေ့ကနေ ထွက်သွားခဲ့ပါတယ်။

အဲဒီနောက် ဂွါဒီယိုလာက မန်စီးတီးပရိသတ်ရှေ့နား အနီးကပ်ဆုံးသွားရောက်ပြီး အောင်ပွဲခံခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့လက နယူးကာဆယ်ကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲအပြီးမှာလည်း ကင်မရာသမားနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။