စကားဟာ လက်ခံနိုင်စရာမရှိကြောင်း ကွန်ပနီ ဝေဖန်
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်နဲ့ပတ်သက်ပြီး ဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟိုရဲ့စကားဟာ လက်ခံနိုင်စရာမရှိကြောင်း ပြစ်တင်ဝေဖန်
ခဲ့ပါတယ်။
၎င်းက မော်ရင်ဟိုအနေနဲ့ အခုလိုပြောကြားတာဟာ ကြီးမားတဲ့အမှားတစ်ခု ကျူးလွန်လိုက်တာပဲလို့ သုံးသပ်ခဲ့ပါတယ်။
ယင်းပွဲအပြီးမှာ မော်ရင်ဟိုက ဗင်နီစီယပ်စ် ဂိုးသွင်းအပြီး အောင်ပွဲခံတဲ့ပုံစံဟာ လေးစားမှု မရှိတဲ့လုပ်ရပ်လို့ ဝေဖန်ခဲ့ပြီး ဘင်ဖီကာအသင်းဟာ
လူမျိုးရေးခွဲခြားတဲ့ကလပ် မဟုတ်ဘူးဆိုတာ အသင်းဂန္ထဝင် လူမည်းကစားသမား အူဆီဘီယိုနဲ့ ကိုးကားကာ ပြောဆိုခဲ့ပါတယ်။
ပေါ်တူဂီမြေမှာ ဘင်ဖီကာကို ၁-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဗင်နီစီယပ်စ်က အနိုင်ဂိုးသွင်းခဲ့ပြီး ဒီအောင်ပွဲခံမှုပုံစံကြောင့် အဝါကတ်ပြသ ခံခဲ့ရပါတယ်။
နောက်ပိုင်းမှာ ဘင်ဖီကာတောင်ပံကစားသမား
ပရက်စတီယန်နီက သူ့ကို လူမျိုးရေးခွဲခြားတယ် စွပ်စွဲချက်နဲ့ ပွဲလည်း ၁၀ မိနစ်လောက် ရပ်တန့်
ခဲ့ရပါတယ်။
UEFA က ယင်းဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ပရက်စတီယန်နီဘက်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။
မော်ရင်ဟိုဟာ ယင်းပွဲမှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်
ခံရလို့ ဒုတိယအကျော့ကို ကြီးကြပ်ခွင့် ပိတ်ပင်ခံခဲ့
ရပါတယ်။