ပြိုင်ပွဲတိုင်းမှာ မိမိတို့ လိုချင်တဲ့နေရာ အတိအကျရှိတယ်လို့ အာတေတာ ပြောကြား

အာဆင်နယ်အသင်းနည်းပြ အာတေတာက ပြိုင်ပွဲတိုင်းမှာ မိမိတို့ လိုချင်တဲ့နေရာ အတိအကျရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

၎င်းက ဇယားအောက်ဆုံးက ဝုလ်ဗ်အသင်းနဲ့ နှစ်ဂိုးစီသရေကျပြီးနောက် ဝေဖန်မှုတွေကို အခုလို တုံ့ပြန်ခဲ့တာဖြစ်တယ်။

အာဆင်နယ်အသင်းဟာ ဒုတိယနေရာက မန်စီးတီးကို တစ်ပွဲပို ငါးမှတ်ဖြတ်ထားလို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တော့ ရှိနေဆဲပါပဲ။

”လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ထင်မြင်ယူဆချက်ရှိတယ်လို့ ယူဆပါတယ်။ သူတို့ရဲ့ရှုထောင့်က မှန်ကန်တဲ့အရာတစ်ခုပါ။ ကျွန်တော်တို့

ကိုယ်တိုင်မှာလည်း အလွန်ရှင်းလင်းတဲ့ ညွှန်ကြားချက် ရှိပါတယ်။ ကျွန်တော်တို့ ပစ္စပ္ပုန်နဲ့ ရှင်သန်ရမယ်။ အတိတ်မှာ ကျွန်တော်တို့ လုပ်

ဆောင်ခဲ့တဲ့ တကယ်ကောင်းပေမဲ့ ပစ္စပ္ပုန်နဲ့ပဲ ရှင်သန်ရပါမယ်။ ပစ္စပ္ပုန်က လှပပါတယ်။ ပြိုင်ပွဲတိုင်းမှာ ကျွန်တော်တို့ လိုချင်တဲ့နေရာ

အတိအကျ ရှိပါတယ်။ ဒါပေမဲ့ ပွဲများစွာ ကစားဖို့ ကျန်နေသေးတယ်။ နောက်ဆုံး ခုနစ်လ သို့မဟုတ် ရှစ်လမှာ ကျွန်တော် လုပ်ခဲ့တာလိုမျိုး

ပြန်ရဖို့ လိုပါတယ်”လို့ အာတေတာက ပြေခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရာသီကုန် ဖလားလေးလုံးလမ်းကြောင်းပေါ် ရပ်တည်နေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ဇယားထိပ်ဆုံး၊ လိဂ်ဖလားမှာ ဗိုလ်လုပွဲ၊ FAဖလားမှာ ပဉ္စမအဆင့်၊ ချန်ပီယံလိဂ်မှာ ဇယားထိပ်ဆုံးနေရာနဲ့ ၁၆ သင်းအဆင့်

ရောက်ရှိထားပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။