နောဝစ်ချ်အကယ်ဒမီကစားသမားကို ဘာစီလိုနာ ခေါ်ယူ

ဘာစီလိုနာအသင်းဟာ နောဝစ်ချ်အကယ်ဒမီက တောင်ပံကစားသမား အာဂျေးတာဗာရက်စ်ကို ခေါ်ယူခဲ့ပါတယ်။

တာဗာရက်စ်(၁၆ နှစ်)ကို ဥရောပကလပ်အများအပြားက စိတ်ဝင်စားခဲ့တာဖြစ်တယ်။

နောဝစ်ချ်အသင်းဟာ တာဗာရက်စ်နဲ့ ပရိုစာချုပ် မချုပ်ဆိုရသေးလို့ နစ်နာကြေးသာ ရရှိမယ်လို့ သိရပါတယ်။

တာဗာရက်စ်ဟာ အခုရာသီ နောဝစ်ချ် ယူ-၁၈ အသင်းမှာ ကစားနေတာဖြစ်တယ်။

၎င်းဟာ နောဝစ်ချ် ယူ-၁၂ အသင်းကို ပထမဆုံး ရောက်ရှိပြီး ပြီးခဲ့တဲ့နှစ်နွေရာသီက ဒတ်ချ်ကလပ် ဗော်လန်ဒမ်နဲ့ကစားတဲ့ ရာသီကြိုခြေစမ်းပွဲမှာ ၁၅ နှစ်အရွယ်နဲ့ လူစားဝင်ကစားခဲ့ပါတယ်။

တာဗာရက်စ်အနေနဲ့ အင်္ဂလန် ယူ-၁၅၊ ယူ-၁၆၊ ယူ-၁၇ အသင်းတွေကိုလည်း ကိုယ်စားပြုခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ၂၀၂၀ ပြည့်နှစ်ဝန်းကျင်က အင်္ဂလိပ်လူငယ်ကစားသမား နှစ်ဦးကို ခေါ်ယူခဲ့ဖူးပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။