ဂယ်လာဂါကို ခေါ်ယူဖို့ စပါးအသင်း သဘောတူညီမှု ရရှိ

စပါးအသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းက အင်္ဂလန်ကွင်းလယ်လူ ဂယ်လာဂါကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

စပါးအသင်းအနေနဲ့ ဂယ်လာဂါကို အက်စတွန်ဗီလာနဲ့အပြိုင် ကြိုးပမ်းခဲ့ပြီး လက်ဦးမှု ရယူနိုင်ခဲ့တာပါ။

ဗီလာအသင်းက ဂယ်လာဂါကို ကနဦးအငှား၊ ရာသီကုန်မှာ အမြဲတမ်းခေါ်ယူခွင့်နဲ့သာ ကမ်းလှမ်းခဲ့တာဖြစ်တယ်။

ဂယ်လာဂါဟာ စပါးအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရထားခဲ့ပြီးပြီလို့လည်း သိရပါတယ်။

စပါးအသင်းဟာ ကွင်းလယ်လူ ဘန်တန်ကာ တံကောက်ကြောဒဏ်ရာနဲ့ အနည်းဆုံး သုံးလလောက်နားရမှာဖြစ်လို့ ကွင်းလယ်ကို အားဖြည့်ဖို့ ပြင်ဆင်ခဲ့တာဖြစ်တယ်။

ဂယ်လာဂါအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းမှာ ပါဝင်ခွင့်ရလိုနေပြီး တူဟယ်လ်ရဲ့အသင်းမှာ တစ်ပွဲသာ ကစားထားရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။