ကွန်းဖရန့်စ်လိဂ်ရအောင် လုပ်ပေးတယ် (ဒါကိုတော့ မချီးကျူးချင်လည်း နေလို့ရသေးတယ်)
ကလပ်ကမ္ဘာ့ဖလားကို ပီအက်စ်ဂျီအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ယူပြခဲ့တာကိုတော့ ချီိးကျူးမှ ရပါမယ်
ပီအက်စ်ဂျီလိုအသင်းကို ဘာမှ လုပ်မရအောင်ကို ထိန်းချုပ်ကစားပြသွားတာပါ
ဒီလို လူငယ်နည်းပြတစ်ယောက် နည်းစနစ်ကြွယ်တဲ့ နည်းပြတစ်ယောက်ကို အသင်းဘုတ်အဖွဲ့နဲ့ မတည့်ကြတော့လို့ ထုတ်လိုက်တာမျိုးကတော့ ချဲလ်ဆီးအသင်းအတွက်ကော အရမ်းနှမျှောဖို့ကောင်းပါတယ်
တူချယ်ပြီးနောက် မာရက်ကာက ဒုတိယနှမျှောစရာအကောင်းဆုံး နည်းပြထုတ်ခံရမှုပါပဲ
မာရက်ကာကို ဝေဖန်စရာရှိတယ်ဆိုတဲ့ လူထုတ်ပုံညံ့ဖျင်းမှုတွေဆိုတာကလည်း အသင်းဘုတ်အဖွဲ့က ချမှတ်ထားတဲ့ player rotation policy ကစားသမား လှည့်သုံးပေးရမယ့် policy အရ လှည့်သုံးပေးနေရတာလည်း ဖြစ်ပါတယ်
ကိုးဝဲလ်နာသွားလို့ အတွေ့အကြုံရှိ နောက်ခံလူခေါ်ပေးဖို့ တောင်းဆိုခဲ့တုန်းကလည်း ဘုတ်အဖွဲ့က လူငယ်တွေနဲ့ပဲ ရအောင် သွားစေချင်ခဲ့တယ်၊ အခု ဒုက္ခပေးနေတာကလည်း နောက်တန်းပြသနာကြီးပါပဲ
ဒါကြောင့် ချဲလ်ဆီးအတွက်တော့ မာရက်ကာလို လူငယ်နည်းပြကို ဆုံးရှုံးလိုက်တာဟာ အရမ်းနှမျှောဖို့ကောင်းပါတယ်