အီဘရာဟီမိုဗစ်ရဲ့သား ဗင်းဆင့်အီဘရာဟီမိုဗစ် အေစီမီလန်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆို

ဆွီဒင်လက်ရွေးစင်ဟောင်း ဂန္ထဝင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ရဲ့သားဖြစ်သူ ဗင်းဆင့်အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

အသက်(၄၄)နှစ်ရှိပြီဖြစ်တဲ့ ဇလာတန်အီဘရာဟီမိုဗစ်မှာ သားနှစ်ဦးရှိပြီး သားအကြီးရဲ့အမည်က မက်ဆီမီလီယန်အီဘရာဟီမိုဗစ်၊ သားအငယ်ရဲ့အမည်က ဗင်းဆင့်အီဘရာဟီမိုဗစ်ဖြစ်ပါတယ်။

(၁၉)နှစ်အရွယ် မက်ဆီမီလီယန်က တိုက်စစ်ကစားသမားဖြစ်ပြီး ဆွီဒင်ယူ-၁၉ အသင်းမှာ ကစားနေသလို၊ အေစီမီလန်အရန်အသင်းနဲ့အူ စီးရီးဒီမှာ ကစားနေပါတယ်။

ဗင်းဆင့်ကတော့ ကွင်းလယ်ခံစစ်ကစားသမားဖြစ်ပြီး (၁၇)နှစ်သာရှိသေးတာကြောင့် အခုမှ အေစီမီလန်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပေမဲ့ အောက်တိုဘာလကတည်းက အေစီမီလန်ယူ-၁၈ အသင်းမှာ ကစားခွင့်ရနေကြောင်း သိရပါတယ်။

အီဘရာဟီမိုဗစ်ဟာ ကစားသမားဘဝကို အေစီမီလန်အသင်းမှာ အဆုံးသတ်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ အေစီမီလန်အသင်းပိုင်ရှင်တွေရဲ့ အကြီးတန်းအကြံပေးအဖြစ် ဆောင်ရွက်နေကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။