မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နဲ့ မြန်မာ
နေရှင်နယ်လိဂ်ကော်မတီ (MNL) တို့ဟာ ၂၀၂၆ MNL-2 အပျော်တမ်းပြိုင်ပွဲကို ကျင်းပပြုလုပ်သွားဖို့ရှိနေတာကြောင့် ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်လိုတဲ့အသင်းများအနေနဲ့ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
MNL-2 အပျော်တမ်းပြိုင်ပွဲကို လာမယ့်မတ်လ ပထမပတ်အတွင်း ရန်ကုန်မြို့မှာ စတင်ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲဝင်လိုတဲ့အသင်းတွေဟာ ဇန်နဝါရီ (၃၀) ရက် နောက်ဆုံးထားစာရင်းပေးသွင်းကြရမှာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်အသင်းတွေဟာ ၂၀၂၆ MNL-2 အပျော်တမ်းပြိုင်ပွဲမှာ ပထမ၊ ဒုတိယရရှိခဲ့မယ်ဆိုရင် လာမယ့်ရာသီ MNL-2 ပြိုင်ပွဲကို တက်ရောက်ကစားခွင့်ရရှိမှာဖြစ်ပါတယ်။
MNL-2 ပြိုင်ပွဲတက်ရောက်ခွင့်ရမယ့် အသင်း (၂) သင်းဟာ FIFA Connect နဲ့ AFC Club Licensing Criteria များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရမှာဖြစ်ပါတယ်။
အသင်းတွေအနေနဲ့ ပြိုင်ပွဲကို အဆင့်မီစွာ ယှဥ်ပြိုင်နိုင်ဖို့နဲ့ ရေရှည်ဖွဲ့စည်းနိုင်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။
ဒါကြောင့် MFF နဲ့ MNL ဟာ အသင်းတွေရဲ့ တင်ပြလာတဲ့ ဘဏ္ဏာရေးအခြေအနေ၊ Criteria ပြည့်မပြည့်အခြေအနေတွေကို သေချာစိစစ်ရွေးချယ်ပြီး ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်စေမှာဖြစ်ကြောင်း သိရပါတယ်။