၂၀၂၈-၂၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နူးကမ့်ကွင်းမှာ လက်ခံကျင်းပခွင့်ရဖို့ လုပ်ဆောင်သွားမယ်လို့ ဘာစီလိုနာကြေညာ

ဘာစီလိုနာအသင်းက. ၂၀၂၈-၂၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နူးကမ့်ကွင်းမှာ လက်ခံကျင်းပခွင့်ရဖို့ လုပ်ဆောင်သွားမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ နုးကမ့်ကွင်းကို အဆင့်မြှင့်တည်ဆောက်မှု ပြုလုပ်နေဆဲဖြစ်ပေမဲ့ အပြီးသတ်ချိန်မှာ ပရိသတ် ၁၀၅၀၀၀ ဝင်ဆံ့မှာပါ။

ဒါကြောင့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပေါ်တူဂီ၊ မော်ရိုကိုတို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားတဲ့ စပိန်နိုင်ငံက ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကျင်းပဖို့လည်း ရည်ရွယ်ထားကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေက ၂၀၂၈-၂၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲရော ၂၀၃၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုပါ လက်ခံကျင်းပခွင့်ရဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

၂၀၂၈-၂၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အိမ်ရှင်ရွေးချယ်မှုကို စက်တင်ဘာလမှာ ပြုလုပ်သွားမှာဖြစ်ပြီး ဝင်ဘလေကွင်း နဲ့ နူးကမ့်ကွင်းတို့ အပြိုင်ဖြစ်နေကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။