၂၀၂၆ Ballon d’Or ဆုကို အမ်ဘာပေ ရရှိလိမ့်မယ်လို့ ဆက်ဂ်ညာ ခန့်မှန်း

၂၀၂၆ Ballon d’Or ဆုကို ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ ရရှိလိမ့်မယ်လို့ အာဆင်နယ်နဲ့ ပြင်သစ်နောက်ခံလူ

ဟောင်း ဆက်ဂ်ညာက ခန့်မှန်းခဲ့ပါတယ်။

အမ်ဘာပေဟာ Ballon d’Or ဆုမှာ အကောင်းဆုံးရပ်တည်မှုအဖြစ် ၂၀၂၁ ခုနှစ်က တတိယနေရာ ရရှိခဲ့ပြီး

၂၀၂၅ မှာတော့ အဆင့်ခုနစ်နေရာသာ ရရှိခဲ့ပါတယ်။

၂၀၂၆ Ballon d’Or ဆုအတွက် ချန်ပီယံလိဂ်နဲ့ ပြည်တွင်းပြိုင်ပွဲတွေအပြင် ကမ္ဘာ့ဖလားပါရှိနေလို့ ပြိုင်ဆိုင်မှု

ပြင်းထန်မယ့် အနေအထားပါပဲ။

အမ်ဘာပေဟာ ဆယ်ကျော်သက်ဘဝက ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းနဲ့အတူ ဗိုလ်စွဲခဲ့ပေမဲ့ ပြည်တွင်း

ရလဒ်မကောင်းလို့ စတုတ္ထနေရာသာ ရရှိခဲ့ပါတယ်။

အမ်ဘာပေဟာ ၂၀၂၆ ဆုအတွက် ဟာလန်း၊ ဟာရီကိန်း၊ ယမားလ်တို့နဲ့ အပြိုင်လုရဖွယ် ရှိနေပါတယ်။

၂၀၂၅ Ballon d’Or ဆုကိုတော့ ပြင်သစ်တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီက ဆွတ်ခူးခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။