၂၀၂၄-၂၅ ရာသီမှာ ချယ်လ်ဆီးအသင်း ပေါင်(၃၅၅)သန်း အရှုံးပေါ်ခဲ့ပြီး အင်္ဂလန်ဘောလုံးသမိုင်းမှာ ဆုံးရှုံးမှုအကြီးမားဆုံးအဖြစ် မှတ်တမ်းဝင်

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ အခွန်မဆောင်ခင် ပေါင်(၃၅၅)သန်း အရှုံးပေါ်ခဲ့တာကြောင့် အင်္ဂလန်ဘောလုံးသမိုင်းမှာ တစ်ရာသီအတွင်း ဆုံးရှုံးမှုအကြီးမားဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ဥရောပဘောလုံးလောကမှာလည်း ၂၀၂၁ ခုနှစ်က ပေါင်(၄၈၄)သန်း အရှုံးပေါ်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့နောက် ဒုတိယဆုံးရှုံးမှုအကြီးမားဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

ဒီငွေစာရင်းရှင်းတမ်းကို ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့်ရာသီတွေမှာ UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီအောင် ကြိုးပမ်းရတော့မှာဖြစ်ကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ကွန်းဖရန့်လိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ရရှိခဲ့ပေမဲ့ အသင်းရဲ့လူစာရင်းအတွက် ငွေကြေးသုံးစွဲရတာက များပြားနေတာကြောင့် အခုလို အနုတ်လက္ခဏာပြခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီခြင်းမရှိတာကြောင့် ဒဏ်ငွေပေါင်သန်း(၈၀)ပေးဆောင်ခဲ့ရပြီး လာမယ့် (၄)နှစ်အတွင်း ကိုက်ညီအောင်လုပ်ဆောင်ဖို့ ကတိပြုခဲ့ရကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေကတော့ ပြီးခဲ့တဲ့ရာသီမှာ စံချိန်တင်အရှုံးပေါ်ခဲ့ပေမဲ့ UEFA ရဲ့ စည်းမျဉ်းနဲ့ ကိုက်ညီအောင် အဓိကကစားသမားတွေကို ရောင်းထုတ်ဖို့မလိုဘူးလို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။