(၁၁)ပွဲဆက်တိုက် အနိုင်ရရှိခြင်းက ဘာမှမဟုတ်ဘူးလို့ ဟန်ဆီဖလစ်ခ် ပြောကြား

ဘာစီလိုနာအသင်းရဲ့နည်းပြ ဟန်ဆီဖလစ်ခ်က အသင်းအနေနဲ့ ပြိုင်ပွဲစုံ(၁၁)ပွဲဆက်တိုက်အနိုင်ရတာဟာ ဘာမှမဟုတ်ကြောင်းနဲ့ မိမိအနေနဲ့ အဲဒီလိုအချက်အလက်တွေကို စိတ်မဝင်စားကြောင်း ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလားပွဲမှာ ရေးဆင်းအသင်းကို အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲစုံ (၁၁)ပွဲဆက်တိုက် အနိုင်ရရှိတဲ့မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ နိုဝင်ဘာလက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း (၁၁)ပွဲဆက်တိုက် အနိုင်ရခဲ့တာဖြစ်ပြီး ဒီကာလအတွင်း စပိန်စူပါဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။

”ဒါက ဘာမှမဟုတ်ပါဘူး။ ကျွန်တော်က အချက်အလက်တွေကို စိတ်မဝင်စားပါဘူး။ ကျွန်တော်တို့အတွက်၊ ကလပ်အသင်းနဲ့ ပရိသတ်တွေအတွက် ဒီနေ့ နိုင်ပွဲရခဲ့တာကို ပျော်ရွှင်ပါတယ်။ ဒါဟာ နောက်တစ်ဆင့်တက်ရောက်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ လိုချင်တဲ့အရာပါ” လို့ ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ၂၀၀၅-၀၆ ရာသီတုန်းက (၁၈)ပွဲဆက်တိုက် အနိုင်ရရှိတာဟာ အသင်းရဲ့သမိုင်းမှာ နိုင်ပွဲဆက်မှုအများဆုံးဖြစ်ပြီး အခု (၁၁)ပွဲဆက် အနိုင်ရရှိခြင်းက ၂၀၁၄-၁၅ ရာသီက ဒုတိယနိုင်ပွဲဆက်မှုအများဆုံးမှတ်တမ်းကို လိုက်မီခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။