★ အီတလီစူပါဖလားမှာ ဗိုလ်စွဲခဲ့တဲ့ နာပိုလီ

နာပိုလီအသင်းဟာ အီတလီစူပါဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဘိုလော့ဂ်နာအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့

ပါတယ်။

နာပိုလီအတွက်ဂိုးတွေကို တောင်ပံကစားသမား နေရိစ်က ၃၉၊ ၅၇ မိနစ်တွေမှာ သွင်းယူခဲ့တာပါ။

နေရိစ်ဟာ ဆီမီးဖိုင်နယ်မှာလည်း တစ်ဂိုးသွင်းခဲ့လို့ စူပါဖလားမှာ သုံးဂိုး သွင်းယူခဲ့ပါတယ်။

နာပိုလီအသင်းကတော့ စူပါဖလားမှာ တတိယအကြိမ်မြောက် ဗိုလ်စွဲခဲ့တာဖြစ်တယ်။

အီတလီစူပါဖလားဟာ မူလက စီးရီးအေချန်ပီယံနဲ့ ကိုပါအီတာလီယာချန်ပီယံ ယှဉ်ပြိုင်ရတာဖြစ်ပြီး ၂၀၂၃ ပြိုင်ပွဲကစလို့ စီးရီးအေဒုတိယနဲ့ ကိုပါအီတာလီယာဒုတိယအသင်းတွေပါ ထပ်ဖြည့်ကာ လေးသင်းနဲ့ ကျင်းပခဲ့ပါတယ်။

အခုပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပခဲ့ပြီး ၂၀၂၉ ပြိုင်ပွဲအထိ ဆော်ဒီမှာပဲ ကျင်းပသွားဖို့ရှိပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။