အိုဆာဆူနာ – ရီးယဲလ်မက်ဒရစ် (ည ၁၂း၀၀ နာရီ)
ပြီးခဲ့တဲ့တစ်ပတ်မှာ ဘာစီလိုနာအသင်းရဲ့ခြေချော်
မှုကို ရီးယဲလ်အသင်း အခွင့်အရေးယူနိုင်ခဲ့ပြီး ဇယားထိပ်ဆုံးကို နှစ်မှတ်အသာနဲ့ ပြန်ရောက်လာခဲ့တယ်။ ရီးယဲလ်အသင်းက ဒီပွဲပြီးရင် ဘင်ဖီကာနဲ့ ချန်ပီယံလိဂ် Play-offs ဒုတိယအကျော့ ဆက်ကစားရဦးမယ်။ အိုဆာဆူနာကလည်း ငါးပွဲဆက် ရှုံးပွဲမရှိသေးဘဲ ဇယားအလယ်မှာ ရပ်တည်နေတဲ့အသင်းပါ။ ထိပ်ဆုံးက ဆက်ပြီးဦးဆောင်နိုင်ဖို့
ရီးယဲလ်အသင်း နိုင်ပွဲရအောင် ကစားမှာပါ။
ရီးယဲလ်ပဲကြိုက်တယ်။
အက်သလက်တီကို – အက်စ်ပန်ညို (ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၂း၃၀ နာရီ)
အက်သလက်တီကိုက အက်စ်ပန်ညိုနဲ့ တွေ့ဆုံမှု နောက်ဆုံးငါးပွဲဆက် အနိုင်မရခဲ့ဘူး။ ဒါ့အပြင်
လာလီဂါ နှစ်ပွဲဆက်ရှုံးပွဲအပါအဝင် သုံးပွဲဆက်တိုက် အနိုင်မရခဲ့တာဖြစ်တယ်။ အက်စ်ပန်ညိုကလည်း လာလီဂါမှာ ခုနစ်ပွဲဆက် နိုင်ပွဲပျောက်နေတယ်။ အက်သလက်တီကို နိုင်ပွဲပြန်ရှာမှာဖြစ်ပြီး
ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။
အခြားပွဲစဉ်များ
*ဆိုစီဒက် – အိုဗီယေဒို
*ဘက်တစ် – ဗယ်လက်ကာနို