ဝန်းကျင် အနားယူရမယ်
အေစီမီလန်အသင်းက အင်္ဂလန်ကွင်းလယ်လူ
လော့ဖ်တပ်ချိခ်ဟာ ရှစ်ပတ်ဝန်းကျင် အနားယူ
ရမယ်လို့ အေစီမီလန်အသင်းက သတင်း
ထုတ်ပြန်ခဲ့ပါတယ်။
လော့တပ်ဖ်ချိခ်ဟာ ဖြတ်တင်ဘောကို ခေါင်းခုန်တက်ဖို့ ကြိုးပမ်းစဉ် ပါးမားဂိုးသမား ကော်ဗီနဲ့ ထိခိုက်ခဲ့တာဖြစ်တယ်။
၎င်းအနေနဲ့ မေးရိုးအပြင် သွားတွေလည်း ကျိုးခဲ့တယ်လို့ သိရပါတယ်။
ကွင်းထဲကနေ လော့တပ်ဖ်ချိခ်ကို ဦးခေါင်းထိန်းအကူပစ္စည်းနဲ့အတူ ထမ်းစင်နဲ့ သယ်ထုတ်သွားခဲ့
ရပါတယ်။
အေစီမီလန်အသင်းက ချယ်လ်ဆီး၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ဖူလ်ဟမ်ကစားသမားဟောင်းဟာ ခွဲစိတ်
ကုသမှုခံယူခဲ့ပြီး ဆေးရုံက ဆင်းခဲ့ပြီဖြစ်ပေမဲ့ ရှစ်ပတ်ဝန်းကျင် အနားယူရမယ်လို့ ပြောခဲ့ပါတယ်။
လော့တပ်ဖ်ချိခ်ကို တနင်္ဂနွေနေ့မှာပဲ ချက်ချင်းခွဲစိတ်ကုသမှု ကြိုးပမ်းခဲ့ပေမဲ့ တနင်္လာနေ့မနက်မှ ခွဲစိတ်ကုသခဲ့တာဖြစ်ပါတယ်။