မိမိအနေနဲ့ မန်ယူအသင်းရဲ့ မန်နေဂျာသာဖြစ်ချင်ပြီး နည်းပြမဖြစ်ချင်ဘူးလို့ အာမိုရင်မ် ပြောကြား

မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က မိမိအနေနဲ့ မန်ယူအသင်းရဲ့ မန်နေဂျာသာဖြစ်ချင်ပြီး နည်းပြမဖြစ်ချင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

မန်နေဂျာက ကစားသမားခေါ်ယူမှု၊ ရောင်းချမှုတွေကိုပါ စီမံခွင့်ရှိပြီး နည်းပြက စီမံခွင့်မရှိတာကြောင့် အာမိုရင်မ်က အခုလိုပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

”ကျွန်တော် ဒီအသင်းကို မန်နေဂျာအဖြစ် လုပ်ဆောင်ဖို့ လာခဲ့တာပါ။ နည်းပြအဖြစ် မဟုတ်ပါဘူး။ ဌာနတိုင်းမှာ ကင်းထောက်ဌာန၊ အားကစားဒါရိုက်တာတွေမှာ သူတို့အလုပ်ကို သူတို့လုပ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်ရဲ့ စာချုပ် (၁၈)လအတွင်းမှာ မန်နေဂျာအဖြစ် ကျွန်တော် လုပ်ဆောင်သွားချင်ပါတယ်။ အသင်းမှာ အပြောင်းအလဲလုပ်ဖို့ လိုအပ်နေပါတယ်” လို့ အာမိုရင်မ်က ပြောကြားခဲ့ပါတယ်။

အာမိုရင်မ်က ခရစ္စမတ်ကာလတုန်းကလည်း သူ့ရဲ့ ၃-၄-၃ ကစားကွက်ကို အောင်မြင်အောင် ပုံမဖော်နိုင်တာက ငွေကုန်ကြေးကျများပြီး အချိန်ပေးရမှာဖြစ်တာကြောင့်လို့လည်း ပြောကြားခဲ့ဖူးပြီး အသင်းတာဝန်ရှိသူတွေရဲ့ ဆက်ဆံရေးအဆင်မပြေမှု ရှိလာကြောင်း သိရပါတယ်။

ဒါပေမဲ့ အာမိုရင်မ်က သူ့နေရာကို အစားဝင်မယ့်သူတစ်ယောက် ရောက်မလာမချင်း အသင်းက ထွက်သွားမှာမဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။

”ကျွန်တော့်နာမည်က တူဟယ်လ်မဟုတ်ဘူး၊ ကွန်တီမဟုတ်ဘူး၊ မော်ရင်ဟိုမဟုတ်ဘူးဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ကျွန်တော်က မန်ယူအသင်းရဲ့ မန်နေဂျာပါ။ စာချုပ်(၁၈)လမှာ အဲဒီလိုမျိုး ကျွန်တော် လျှောက်လှမ်းသွားမှာပါ။ ဒါမှမဟုတ် ဘုတ်အဖွဲ့က အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်တဲ့အထိပါ။ ကျွန်တော် နုတ်ထွက်မှာ မဟုတ်ပါဘူး။ ကျွန်တော့်နေရာကို အစားဝင်မယ့် တစ်ယောက်ယောက် ရောက်မလာမချင်း ကျွန်တော့်အလုပ်ကို ကျွန်တော် ဆက်လုပ်သွားမှာပါ” လို့ အာမိုရင်မ်က ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။