မိန်နူးကို စာချုပ်သစ်ကိစ္စ ပြန်လည်ဆွေးနွေးဖို့ မန်ယူနိုက်တက် ပြင်ဆင်နေ

မန်ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ မိန်နူးကို စာချုပ်သစ်ချုပ်ဆိုဖို့ ကိစ္စ ပြန်လည်ဆွေးနွေးဖို့ ပြင်ဆင်နေ

တယ်လို့ သိရပါတယ်။

မိန်နူး(၂၀ နှစ်)ရဲ့စာချုပ်ဟာ ၂၀၂၇ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးခွင့်

ပါဝင်ပါတယ်။

ဒါပေမဲ့ နည်းပြဟောင်း အာမိုရင်မ်လက်ထက်မှာ မိန်နူးရဲ့အခန်းကဏ္ဍ ပျောက်ဆုံးပြီးနောက် စာချုပ်သက်ကိစ္စ

လည်း မှေးမှိန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီကနေ အခု ဇန်နဝါရီအပြောင်းအရွှေ့ကာလအထိ မိန်နူးဟာ အငှားထွက်ကစားဖို့ သတင်းတွေ

ထွက်ခဲ့တာပါ။

ဒါပေမဲ့ မန်ယူနိုက်တက်အသင်းမှာ နည်းပြအပြောင်းအလဲဖြစ်ခဲ့ပြီး မိန်နူးရဲ့အနာဂတ်ကလည်း အသင်းမှာ

ဆက်ရှိဖို့ များလာခဲ့ပါတယ်။

ကာရစ်ရဲ့ ပွဲဦးထွက်ဖြစ်တဲ့ မန်ချက်စတာဒါဘီအောင်ပွဲမှာ မိန်နူးက ပွဲထွက်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။