မန်ယူအသင်း ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရင်တောင် လာမယ့်ရာသီမှာ ကာရစ်ထက် ပိုကောင်းတဲ့နည်းပြကို ခန့်အပ်ဖို့လိုအပ်တယ်လို့ ရွိုင်ကင်း ပြောကြား

ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မန်ယူအသင်းရဲ့ ကစားသမားဟောင်း ရွိုင်ကင်းက ဒီရာသီမှာ မန်ယူအသင်း ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရင်တောင် လာမယ့်ရာသီမှာ လက်ရှိယာယီနည်းပြ ကာရစ်ထက် ပိုကောင်းတဲ့နည်းပြ ခန့်အပ်ဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ ပေါ်တူဂီနည်းပြ အာမိုရင်မ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ကာရစ်ကို ရာသီကုန်အထိသာ ယာယီနည်းပြအဖြစ် ခန့်အပ်ထားတာဖြစ်ပေမဲ့ လက်ရှိအချိန်မှာ စွမ်းဆောင်ရည်ကောင်းပြသနေတာကြောင့် နည်းပြသစ်အဖြစ် ခန့်အပ်သင့်တယ်ဆိုတဲ့ အကြံပေးမှုတွေလည်း ရှိနေပါတယ်။

ကာရစ်ဟာ မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ဇန်နဝါရီ(၁၃)မှာ စတင်ဆောင်ရွက်ခဲ့ပြီး ပွဲဦးထွက်ယှဉ်ပြိုင်ခဲ့ရတဲ့ မန်ချက်စတာဒါဘီမှာ (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့သလို၊ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာလည်း (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)အပြီးမှာ အမှတ်ပေးဇယား စတုတ္ထနေရာရောက်ရှိလာပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့လည်း အလားအလာကောင်းလာပါတယ်။

ဒါပေမဲ့ ရွိုင်ကင်းကတော့ ကာရစ်ရဲ့ စွမ်းဆောင်မှုကို အသိအမှတ်ပြုပေမဲ့ မန်ယူအသင်းအနေနဲ့ သူ့ထက် ပိုကောင်းတဲ့နည်းပြ၊ ပိုပြီး ပုံရိပ်ကြီးမားတဲ့နည်းပြကိုသာ ခန့်အပ်သင့်ကြောင်း သုံးသပ်ပြောကြားခဲ့တာပါ။

”ပြီးခဲ့တဲ့နှစ်ပွဲမှာ ထိပ်တန်းစွမ်းဆောင်ရည် ပြသနိုင်ခဲ့ပေမဲ့ ဘယ်အသင်းမဆို (၂)ပွဲအနိုင်ရနိုင်ပါတယ်။ သူတို့ ထိပ်ဆုံး(၄)သင်း စာရင်းဝင်ခဲ့ရင်တောင် ကျွန်တော်ကတော့ သူ့ကို နည်းပြရာထူူးအတွက် စဉ်းစားမှာမဟုတ်ပါဘူး။ သူတို့အနေနဲ့ ပိုပြီးပုံရိပ်ကြီးမားတဲ့နည်းပြ၊ ပိုကောင်းတဲ့နည်းပြ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ရွိုင်ကင်းက ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။