မန်ယူနိုက်တက်အသင်းဟာ ရာသီကုန်အထိ အသင်းနည်းပြအဖြစ် ကစားသမားဟောင်း မိုက်ကယ်ကာရစ်ကို ခန့်အပ်ဖို့ နီးစပ်နေပါတယ်။
မန်ယူနိုက်တက်နဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်း ကာရစ်(၄၄ နှစ်)နဲ့ ဆွေးနွေးမှုများ တိုးတက်နေပြီး လာမယ့်စနေနေ့ မန်ချက်စတာဒါဘီကို ကိုင်တွယ်ဖွယ် ရှိနေပါတယ်။
ကလပ်တာဝန်ရှိသူတွေက ကစားသမားတွေ လေ့ကျင့်ခန်းပြန်ဆင်းမယ့် ဗုဒ္ဓဟူးနေ့မတိုင်ခင် ကာရစ်ကို တရားဝင်ခန့်အပ်ဖို့ များပါတယ်။
ကာရစ်ဟာ အသင်းကစားသမားနဲ့ နည်းပြဟောင်းဖြစ်သူ ဆိုးလ်ရှားနဲ့ အပြိုင်ရေပန်းစားခဲ့တာဖြစ်တယ်။
ကာရစ်အနေနဲ့ ၂၀၂၁ ခုနှစ်က ဆိုးလ်ရှား ထုတ်ပယ်ခံရပြီးနောက် ယာယီနည်းပြအဖြစ် သုံးပွဲ ကိုင်တွယ်ခဲ့ဖူးပါတယ်။
ဒီသုံးပွဲမှာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေရလဒ်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ရာသီကုန်အထိ တာဝန်ယူမယ့် ရန်းညက်ကို လွှဲပြောင်းပေးခဲ့ရတာဖြစ်ပါတယ်။