အင်္ဂလန်တိုက်စစ်မှူးဟောင်းနဲ့ ရုပ်သံဝေဖန်သူ အလန်ရှီးယားက မန်ယူနိုက်တက်နည်းပြဟောင်း အာမိုရင်မ်ဟာ စိတ်ကြီးဝင်နေသူလို့
ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
၎င်းက ကာရစ်လက်အောက် ပွဲဦးထွက်နှစ်ပွဲမှာ ပရီးမီးယားလိဂ်အကောင်းဆုံးနှစ်သင်းကို အနိုင်ယူပြလိုက်ချိန်
အာမိုရင်မ်အနေနဲ့ ဘာတွေတွေးနေမလဲလို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။
အာမိုရင်မ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်က ရာထူးက ထုတ်ပယ်ခံရပြီး သူ့လက်ထက်မှာ back-three နဲ့ကစား
တဲ့ ၃-၄-၂-၁ ကစားကွက်ကို မအောင်မြင်ပေမဲ့ အပြောင်းအလဲလုပ်ဖို့ ခေါင်းမာခဲ့တာဖြစ်တယ်။
ယနေ့မှာ အသက် ၄၁ နှစ်ပြည့်တဲ့ အာမိုရင်မ်ဟာ မန်ယူနိုက်တက်ကို တာဝန်ယူခဲ့တဲ့ ၁၄ လတာအတွင်း ၆၃ ပွဲမှာ
အနိုင်ရာခိုင်နှုန်းက ၃၈.၁ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။
ဒီ ၆၃ ပွဲမှာ ၂၄ ပွဲနိုင်၊ ၁၈ ပွဲသရေ၊ ၂၁ ပွဲရှုံး မှတ်တမ်းပဲ ရရှိခဲ့တာဖြစ်တယ်။
ရာသီကုန်အထိ တာဝန်ပေးအပ်ခံထားရတဲ့ နည်းပြ ကာရစ်ကတော့ အသင်းကို ၄-၂-၃-၁ ကစားကွက်နဲ့ ပုံဖော်
ခဲ့ပြီး မန်စီးတီးကို ၂-၀ ဂိုး၊ အာဆင်နယ်ကို ၃-၂ ဂိုးတို့နဲ့ အသီးသီး အနိုင်ယူခဲ့ပါတယ်။