မန်စီးတီးကစားသမားတွေဘက်က နည်းပြ ဂွါဒီယိုလာ ကာကွယ်

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက နှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ပေမဲ့ သူ့ကစားသမားတွေဟာ ထူးခြားတဲ့သူတွေ

ဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ မန်ယူနိုက်တက်၊ ချန်ပီယံလိဂ်မှာ နော်ဝေကလပ် ဘိုဒယ်ဂလင့်အသင်း

တွေကို နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တာပါ။

”လွန်ခဲ့တဲ့တစ်ပတ်က ကျွန်တော်တို့ နယူးကာဆယ်နဲ့ ကစားခဲ့ပြီး ကျွန်တော်တို့ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ချန်ပီ

ယံလိဂ်မှာ သူတို့ဘယ်လောက်တောင့်တင်းသလဲ ကြည့်လိုက်ပါ။ အာဆင်နယ်က ကမ္ဘာ့အကောင်းဆုံးအသင်းပါ။

သူတို့ဟာ အခုချိန်မှာ အကောင်းဆုံးအသင်းဖြစ်နေပြီး ကျွန်တော်တို့ ပိုကောင်းကာ နီးစပ်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့

ဂွါဒီယိုလာက ပြောခဲ့ပါတယ်။

မန်စီးတီးနောက်ခံလူသစ် ဂူဟီနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဂူဟီဟာ အခုတစ်ပတ် ဝုလ်ဗ်နဲ့ ပရီးမီးယားလိဂ်မှာ အသင်းအတွက် ပွဲဦးထွက်ကစားဖို့ ရှိနေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။