ဘာစီလိုနာအသင်း နောက်ခံလူတစ်ဦး ခေါ်ယူဖို့ လိုအပ်ကြောင်း ဟန်ဆီဖလစ်ခ် ဝန်ခံ

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်က အခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နောက်ခံလူတစ်ဦး ခေါ်ယူဖို့

လိုအပ်ကြောင်း ဝန်ခံခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အခုရာသီ လာလီဂါ ၁၈ ပွဲမှာ ဂိုး ၂၀ ပေးထားခဲ့ရတာပါ။

ဒါဟာ ထိပ်ဆုံးခုနစ်သင်းထဲမှာ ဂိုးအများဆုံးပေးခဲ့ရတဲ့အသင်းလည်း ဖြစ်နေတယ်။

ဒါ့အပြင် ချန်ပီယံလိဂ် ခြောက်ပွဲ ကစားထားရာမှာလည်း ၁၁ ဂိုးအထိ ပေးခဲ့ရတယ်။

ဘာစီလိုနာအသင်းမှာ ခရစ္စတန်ဆင် ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဒူးအရွတ်ဒဏ်ရာ ရခဲ့ပြီး အာရူဟိုကိုလည်း စိတ်

ကျန်းမာရေးအခြေအနေကြောင့် တစ်လလောက် အနားပေးခဲ့ရတယ်။

ဒါကြောင့် နည်းပြ ဟန်ဆီဖလစ်ခ်အနေနဲ့ ဆယ်ကျော်သက် ကူဘာဆီကို ဘယ်နောက်ခံလူ ဂျရတ်မာတင်နဲ့ နောက်ခံအတွင်းနေရာမှာ တွဲကစားစေခဲ့ရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။