ဘာစီလိုနာအကယ်ဒမီကစားသမားကို PSG အသင်း တရားဝင်မိတ်ဆက်

PSG အသင်းဟာ ဘာစီလိုနာအသင်းက အကယ်ဒမီကစားသမား ဒရိုဖာနန်ဒက်ဇ်ကို အသင်းကစားသမားသစ်

အဖြစ် တရားဝင်မိတ်ဆက်ခဲ့ပါတယ်။

ဒရိုဖာနန်ဒက်ဇ်(၁၈ နှစ်)ဟာ PSG အသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။

သူ့ရဲ့ပြောင်းရွှေ့ကြေးကတော့ ယူရို ရှစ်သန်းဝန်းကျင်ရှိမယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

၎င်းဟာ နွေရာသီကာလ အာရှခရီးစဉ်မှာ ပါဝင်ခဲ့ပြီး အသင်းကြီးနဲ့အတူ အခုရာသီ လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ

ပွဲဦးထွက်ခွင့် ရခဲ့ပါတယ်။

ဒရိုဖာနန်ဒက်ဇ်က ပွဲကစားခွင့်ပိုရရေးအတွက် အသင်းပြောင်းတော့မယ်လို့ ပြောကြားခဲ့ပြီးနောက် သူ့ရဲ့ဆန္ဒကို

အကောင်အထည် ဖော်ခဲ့တာပါ။

ဥရောပထိပ်တန်းကလပ်တွေက သူ့ကို စိတ်ဝင်စားခဲ့ကြပေမဲ့ PSG က လက်ဦးမှု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။