ပရီးမီးယားလိဂ်မှာ ပြန်ကစားဖို့ စီစဉ်နေတဲ့ ရူဘင်နီဗက်စ်ကို မန်ယူနဲ့ နယူးကာဆယ်တို့ အပြိုင်ကြိုးပမ်းဖွယ်ရှိ

အယ်လ်ဟီလာအသင်းက ပေါ်တူဂီကွင်းလယ်ခံစစ်ကစားသမား ရူဘင်နီဗက်စ်ဟာ ပရီးမီးယားလိဂ်မှာ ပြန်ကစားဖို့ စီစဉ်နေပြီး မန်ယူနဲ့ နယူးကာဆယ်တို့က အပြိုင်ကြိုးပမ်းဖွယ်ရှိကြောင်း သိရပါတယ်။

ရူဘင်နီဗက်စ်(၂၈ နှစ်)ဟာ ဝုလ်ဗ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်အတွေ့အကြုံရှိထားတဲ့ ကစားသမားဖြစ်ပြီး ၂၀၂၃ နွေရာသီမှာ အယ်လ်ဟီလာအသင်းကို ပေါင်(၄၇)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။

ရူဘင်နီဗက်စ်ဟာ ဆော်ဒီလိဂ်မှာ ခြေစွမ်းပြနိုင်ပေမဲ့ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းမတိုးတော့ဘဲ ပရီးမီးယားလိဂ်ကို ပြန်ကစားဖို့ ဆန္ဒရှိနေတာပါ။

ဒါကြောင့် အယ်လ်ဟီလာအသင်းက ပေါင်သန်း(၂၀)ဝန်းကျင်နဲ့ ရောင်းထုတ်ဖွယ်ရှိတာကြောင့် ပရီးမီးယားလိဂ်အသင်းတော်တော်များများက စိတ်ဝင်စားနေကြပြီး မန်ယူနဲ့ နယူးကာဆယ်တို့လည်း ပါဝင်နေတာပါ။

မန်ယူအသင်းက ကက်စီမီရို၊ မိန်နူးနဲ့ အူဂါတေတို့ရဲ့ အနာဂတ် မသေချာတာကြောင့် ရူဘင်နီဗက်စ်ကို ချိန်ရွယ်နေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အယ်လ်ဟီလာအသင်းက လာမယ့်နွေရာသီမှာ ထပ်မံကြိုးပမ်းဖွယ်ရှိကြောင်းလည်း သတင်းထွက်နေပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။