တိုက်စစ်မှူး နေမာကို ၂၀၂၆ ဒီဇင်ဘာ ၃၁ အထိ ဆန်းတို့စ်အသင်း သက်တမ်းတိုး

ဆန်းတို့စ်အသင်းဟာ ဘရာဇီးလ်တိုက်စစ်မှူး နေမာကို ၂၀၂၆ ဒီဇင်ဘာ ၃၁ အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

နေမာဟာ အစောပိုင်းတုန်းက ကမ္ဘာ့ဖလားအခွင့်အရေးအတွက် ဥရောပကို ပြန်လည်ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြောင်း သတင်းထွက်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ဆန်းတို့စ်အသင်းမှာသာ ဆက်ကစားဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဆန်းတို့စ်က နေမာရဲ့ ကစားသမားဘဝ အစပြုတဲ့ အသင်းဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီမှာမှ အသင်းကို တစ်ကျော့ပြန်ရောက်ရှိခဲ့တာပါ။

လာမယ့် ဖေဖော်ဝါရီမှာ အသက်(၃၄)နှစ်ပြည့်မယ့် နေမာဟာ ပြီးခဲ့တဲ့ရာသီက ဒူးဒဏ်ရာရှိနေတဲ့ကြားက ခွဲစိတ်ကုသမှုပြုလုပ်ဖို့ကို ရွှေ့ဆိုင်းထားကာ ဆန်းတို့စ်အသင်း တန်းမဆင်းရအောင် ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။

”ဆန်းတို့စ်က ကျွန်တော့်ရဲ့နေရာပါ။ ကျွန်တော် အိမ်မှာ ရှိနေတာပါ။ ခင်ဗျားတို့နဲ့အတူ ကျွန်တော့်ရဲ့ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေကို ရယူသွားချင်ပါတယ်” လို့ နေမာက စာချုပ်သက်တမ်းတိုးတဲ့ ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

နေမာက ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆင်နွှဲခွင့်ရဖို့ မျှော်လင့်နေပြီး နည်းပြ အန်ဆယ်လော့တီကတော့ ကြံ့ခိုင်မှုပြည့်ဝဖို့ လိုအပ်ကြောင်း သတိပေးထားပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။