စီးရီးအေ၊ လာလီဂါနဲ့ FA ဖလား ပွဲကြိုသုံးသပ်ချက်

ကာဂလီယာရီ – လက်ချီ (ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၂း၁၅ နာရီ)

ကာဂလီယာရီက ရိုးမားနဲ့ပွဲမှာ နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရပေမဲ့ ခြေစွမ်းအတက်ဘက်ရောက်နေချိန်လို့ ဆိုရမှာပါ။ လက်ချီကတော့ ပြီးခဲ့တဲ့ပွဲစဉ်မှာမှ (၈)ပွဲဆက် နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်ခဲ့တာပါ။ လက်ချီက တန်းဆင်းဇုန်က လွတ်မြောက်ဖို့ အမှတ်ပိုလိုနေပေမဲ့ လက်ရှိခြေစွမ်းအရတော့ ကာဂလီယာရီကွင်းမှာ အရှုံးပေးရဖို့ပဲ များပါတယ်။

ဂျီရိုနာ – ဘာစီလိုနာ (ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၂း၃၀ နာရီ)

လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ဖို့ ဘာစီလိုနာအသင်း အနိုင်ကစားရမယ့်ပွဲဖြစ်ပြီး ဂျီရိုနာကလည်း တန်းဆင်းအန္တရာယ်အတွက် အမှတ်လိုနေပါတယ်။ ဂျီရိုနာက အိမ်ကွင်းနောက်ဆုံး(၈)ပွဲမှာ တစ်ပွဲသာရှုံးနိမ့်ထားပြီး ရီးယဲလ်ကို သရေကစားထားတာကြောင့် ဘာစီလိုနာအသင်း ပေါ့ဆလို့တော့ မရပါဘူး။ ဘာစီလိုနာအသင်း ကပ်နိုင်ရုံလောက်ပဲ ဖြစ်မယ်ထင်တယ်။

မက်ကယ်စ်ဖီးလ် – ဘရန့်ဖို့ဒ် (ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၂းဝ၀ နာရီ)

မက်ကယ်စ်ဖီးလ်က ပရီးမီးယားလိဂ်အောက် (၅)ဆင့်နိမ့်တဲ့ National League North ကအသင်းဖြစ်ပြီး ပြီးခဲ့တဲ့အဆင့်မှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူကာ စတုတ္ထအဆင့် ရောက်လာတာပါ။ မက်ကယ်စ်ဖီးလ်အသင်း စိတ်ဓာတ်တက်ကြွနေနိုင်ပေမဲ့ အံ့အားသင့်စရာတွေ ထပ်လုပ်ပြနိုင်ဖို့ မလွယ်တော့ပါဘူး။ ဂရုတစိုက်ကစားမယ့် ဘရန့်ဖို့ဒ်အသင်း အနိုင်ယူမှာပါ။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။