စပါးနဲ့ပွဲက ဆယ်မီညိုအတွက် နောက်ဆုံးပွဲဖြစ်လာနိုင်တယ်လို့ အီရာအိုလာ ပြောကြား

ဘုန်းမောက်အသင်းရဲ့နည်းပြ အီရာအိုလာက ဒီနေ့ည ယှဉ်ပြိုင်ကစားရမယ့် စပါးနဲ့ပွဲက တောင်ပံကစားသမား ဆယ်မီညိုအတွက် နောက်ဆုံးပွဲဖြစ်လာနိုင်တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဒီနေ့ အသက်(၂၆)နှစ်ပြည့်တဲ့ ဂါနာလက်ရွေးစင် တောင်ပံကစားသမား ဆယ်မီညိုဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်တဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းက ဆယ်မီညိုကို စာချုပ်လျော်ကြေးတန်ဖိုးအတိုင်း ပေါင်(၆၅)သန်းနဲ့ ခေါ်ယူသွားမှာဖြစ်ပြီး ကြာသပတေးနေ့မှာ ဆေးစစ်မှုပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဆယ်မီညိုရဲ့ လျော်ကြေးစာချုပ်က ဇန်နဝါရီ(၁၀)ရက်အထိသာ သက်ရောက်မှုရှိမှာဖြစ်တာကြောင့် အဲဒီနေ့မတိုင်ခင် အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ဖို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

”သူ့ရဲ့ နောက်ဆုံးပွဲဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ပါ။ သဘောတူညီမှုရခြင်း၊ စာချုပ်ချုပ်ဆိုရခြင်းတော့ မရှိသေးပါဘူး။ ဒါပေမဲ့ စျေးကွက်ကို ကျွန်တော် နားလည်ပါတယ်” လို့ အီရာအိုလာက ပြောကြားခဲ့ပါတယ်။

ဆယ်မီညိုက ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်ယူ၊ စပါးတို့ရဲ့ ခေါ်ယူဖို့ စိတ်ဝင်စားမှုကိုလည်း ရရှိခဲ့ပေမဲ့ မန်စီးတီးအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။