အာဖရိကနိုင်ငံများဖလားရယူဖို့ အသင့်ဖြစ်နေပြီလို့ အိုဆင်မန် ကြုံးဝါး

နိုင်ဂျီးရီးယားအသင်းရဲ့ တိုက်စစ်မှူး အိုဆင်မန်က အာဖရိကနိုင်ငံများဖလားကို ရယူဖို့ အသင့်ဖြစ်နေပြီလို့ ကြုံးဝါးပြောကြားခဲ့ပါတယ်။

နိုင်ဂျီးရီးယားအသင်းဟာ အာဖရိကနိုင်ငံများဖလားပွဲမှာ ချန်ပီယံဆု(၄)ကြိမ်ရရှိထားတဲ့ စတုတ္ထအအောင်မြင်ဆုံးအသင်းဖြစ်ပေမဲ့ ၂၀၁၃ နောက်ပိုင်းမှာ ချန်ပီယံဆုနဲ့ ဝေးကွာနေပါတယ်။

အိုဆင်မန် လက်ရွေးစင်ဖြစ်လာခဲ့ပြီးနောက် ယှဉ်ပြိုင်ခဲ့တဲ့ အာဖရိကနိုင်ငံများဖလားမှတ်တမ်းကတော့ ၂၀၁၉ မှာ တတိယ၊ ၂၀၂၁ မှာ (၁၆)သင်းအဆင့်၊ ၂၀၂၃ မှာ ဗိုလ်လုပွဲဖြစ်ပါတယ်။

နိုင်ဂျီးရီးယားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲမအောင်မြင်ခဲ့တဲ့အတွက် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဟာ အခွင့်အရေးတစ်ခုဖြစ်တယ်လို့လည်း အိုဆင်မန်က ပြောကြားခဲ့ပါတယ်။

”အာဖရိကနိုင်ငံများဖလားဟာ ပရိသတ်တွေကို ဆုဖလားယူပေးဖို့အတွက် ကျွန်တော်တို့ရဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ဆုဖလားရယူချင်တဲ့ ကျွန်တော်တို့ရဲ့အိပ်မက်ကိုလည်း အကောင်အထည်ဖော်သွားမှာပါ” လို့ အိုဆင်မန်က ပြောကြားခဲ့ပါတယ်။

နိုင်ဂျီးရီးယားအသင်းဟာ ၂၀၂၅ အာဖရိကနိုင်ငံများဖလားအုပ်စုအဆင့်မှာ တူနီးရှား၊ တန်ဇန်းနီးယား၊ ယူဂန္ဒာတို့နဲ့အတူ ကျရောက်ခဲ့ပြီး အုပ်စုအဖွင့်ပွဲမှာ တန်ဇန်းနီးယားကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။