အသင်းရဲ့ ရှုံးပွဲက ရှက်စရာကောင်းကြောင်းနဲ့ မန်စီးတီးပရိသတ် တစ်ယောက်ချင်းစီကို တောင်းပန်ကြောင်း ဟာလန်း ပြောကြား

မန်စီးတီးတိုက်စစ်မှူး ဟာလန်းက အသင်းရဲ့ ချန်ပီယံလိဂ်ရှုံးပွဲက ရှက်စရာကောင်းကြောင်း ဖွင့်ဟဝန်ခံခဲ့ပြီး အသင်းရဲ့ အတွေ့အကြုံရင့် ကစားသမားတွေနဲ့အတူ ရှုံးပွဲအတွက် တာဝန်ယူကြောင်း ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၇)မှာ နော်ဝေကလပ် ဘိုဒယ်ဂလင့်အသင်းကို (၁-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ကွင်းလယ်ကစားသမား ရိုဒရီ ထုတ်ပယ်မခံရခင်ကတည်းက အဲဒီရလဒ် ထွက်ပေါ်နေခဲ့တာပါ။

ဘိုဒယ်ဂလင့်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ဒီရာသီမှာမှ ပထမဆုံးယှဉ်ပြိုင်ဖူးတဲ့အသင်းဖြစ်တာကြောင့် ရှက်စရာကောင်းတဲ့ ရှုံးပွဲဖြစ်ကြောင်း ဟာလန်းက ပြောကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။

”ရိုဒရီ၊ ဒွန်နာရမ်မာ၊ ရိုင်ဒါစ် စတဲ့ အတွေ့အကြုံရင့်ကစားသမားတွေနဲ့အတူ ကျွန်တော် အပြည့်အဝတာဝန်ယူပါတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ပိုပြီးတာဝန်ယူဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်က လုံလောက်မှုမရှိလို့ပါ။ ကျွန်တော့်မှာ အဖြေတော့ မရှိပါဘူး။ ကျွန်တော် ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် အပြည့်အဝတာဝန်ယူပါတယ်။ မန်စီးတီးအသင်းရဲ့ ပရိသတ်တစ်ယောက်ချင်းစီကို တောင်းပန်ပါတယ်။ လိုက်ပါအားပေးခဲ့တဲ့ ပရိသတ်တိုင်းကိုလည်း တောင်းပန်ပါတယ်” လို့ ဟာလန်းက ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီမှာ ရှုံးပွဲမရှိမှတ်တမ်း ရပ်တန့်သွားခဲ့ပြီးနောက် ဒီရာသီမှာ တတိယအကြိမ်မြောက် နှစ်ပွဲဆက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။