ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လိုကို အငှားစာချုပ်နဲ့ ဘာစီလိုနာအသင်း ဒုတိယအကြိမ်ခေါ်ယူ

ဘာစီလိုနာအသင်းဟာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လိုကို အငှားစာချုပ်နဲ့ ဒုတိယအကြိမ် ခေါ်ယူလိုက်ကြောင်း သိရပါတယ်။

ကန်ဆယ်လို(၃၁ နှစ်)ဟာ မန်စီးတီးအသင်းမှာရှိစဉ် ၂၀၂၃-၂၄ ရာသီတုန်းက ဘာစီလိုနာအသင်းကို အငှားနဲ့ လာရောက်ကစားခဲ့ဖူးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ကန်ဆယ်လိုက ဥရောပမှာ ပြန်လည်ပြောင်းရွှေ့ကစားဖို့ စီစဉ်ချိန်မှာ အင်တာမီလန်အသင်းကလည်း အငှားခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ဘာစီလိုနာအသင်းနဲ့ ပြန်လည်လက်တွဲဖို့သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းက ကန်ဆယ်လိုကို အငှား ခေါ်ယူခြင်းအတွက် ငှားရမ်းခ ပေးရခြင်းမရှိဘဲ အငှားခေါ်ယူတဲ့ကာလအတွင်း ပေးချေရမယ့် လစာပမာဏကတော့ ယူရို(၄)သန်းဝန်းကျင်ရှိမယ်လို့ သိရပါတယ်။

ကန်ဆယ်လိုဟာ ဘာစီလိုနာအသင်းမှာ ပထမတစ်ကြိမ် အငှားလာရောက်ကစားစဉ်က ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၂)ကိုပဲ ပြန်လည်ဝတ်ဆင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။