ပရီးမီးယားလိဂ်မှာ ပြန်ကစားလိုကြောင်းနဲ့ ကမ္ဘာ့ဖလား ကစားခွင့်ရဖို့က အိပ်မက်တစ်ခုဖြစ်ကြောင်း အီဗန်တိုနေး ပြောကြား

ဆော်ဒီကလပ် အယ်လ်အာလီအသင်းမှာ ကစားနေတဲ့ အင်္ဂလန်တိုက်စစ်မှူး အီဗန်တိုနေးက ပရီးမီးယားလိဂ်မှာ ပြန်ကစားချင်တာက သူ့ရဲ့ ရည်မှန်းချက်တစ်ခုဖြစ်ကြောင်းနဲ့ ကမ္ဘာ့ဖလား ကစားခွင့်ရဖို့ကလည်း အိပ်မက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီဗန်တိုနေး(၂၉ နှစ်)ဟာ ၂၀၂၄ နွေရာသီမှာ ဘရန့်ဖို့ဒ်အသင်းကနေ အယ်လ်အာလီအသင်းကို ပေါင်သန်း(၄၀)နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။

အီဗန်တိုနေးဟာ အယ်လ်အာလီအသင်းမှာ ခြေစွမ်းပြနေပြီး ဒီရာသီ ဆော်ဒီလိဂ်မှာလည်း ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ဦးဆောင်နေပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သတင်းထွက်လာပြီး မပြောင်းရွှေ့ဖြစ်ခဲ့တဲ့အတွက် Sky Sports က မေးမြန်းရာမှာ ပရီးမီးယားလိဂ်မှာ ပြန်ကစားလိုကြောင်း ပြောကြားခဲ့တာပါ။

”ကျွန်တော့်မှာ ရည်မှန်းချက်တွေရှိပြီး ပထမဆုံးတစ်ခုက ဒီမှာ အောင်မြင်မှုရရှိချင်တာပါ။ ဒီကလပ်က ကျွန်တော့်ကို ကာလရှည်စာချုပ်ချုပ်ဆိုထားတာကြောင့် သူတို့အတွက် ဆုဖလားတွေ ရယူပေးချင်ပါတယ်။ ဒါပေမဲ့ ဘောလုံးလောကနဲ့ ဘဝမှာ အချိုးအကွေ့တွေကို ကြိုမသိနိုင်ပါဘူး” လို့ အီဗန်တိုနေးက ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်တဲ့ မေးမြန်းမှုကိုတော့ ”ကမ္ဘာ့ဖလားယှဉ်ပြိုင်ရတာက အဓိပ္ပာယ်အများကြီးရှိပါတယ်။ ကျွန်တော် ကမ္ဘာ့ဖလား မကစားဖူးပါဘူး။ အဲဒါက ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုပါ။ ဒါက ကစားသမားတိုင်းရဲ့ အိပ်မက်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။