နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ခြေစွမ်းအရ သရေရလဒ်သာ ရရှိခဲ့သင့်ကြောင်း အာနယ်ဆလော့ ဝန်ခံပြောကြား

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က နော်တင်ဟမ်ဖောရက်စ်ကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ ခြေစွမ်းအရ သရေရလဒ်သာ ရရှိခဲ့သင့်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်က နော်တင်ဟမ်ဖောရက်စ်ကို ပွဲချိန် ၉၀+၇ မိနစ်မှာ အယ်လစ္စတာ သွင်းယူတဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ဒါပေမဲ့ အာနယ်ဆလော့က အသင်းရဲ့ခြေစွမ်းက ကစားခဲ့သမျှ အညံ့ဆုံးခြေစွမ်းဖြစ်ပြီး (၃)မှတ်ရဖို့ မထိုက်တန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

”ပထမပိုင်းကစားပုံက တကယ့်ကို ဆိုးရွားပါတယ်။ လက်ရှိအချိန်အထိ ကစားခဲ့သမျှထဲ အည့ံဖျင်းဆုံးလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ပိုကောင်းလာပြီး ပွဲကိုလည်း ပိုပြီးထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုကနေ ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ထိုက်တန်တာထက် ပိုရခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အနိုင်ရတာထက် သရေကျတာက ပိုပြီးတရားမျှတလိမ့်မယ်လို့ ထင်ပါတယ်” လို့ အာနယ်ဆလော့က ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်ပွဲဆက်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ပိုရှိလာခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။