အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ဖြည့်တင်းဖို့ ပြင်ဆင်
နေပါတယ်။
နည်းပြ အာတေတာက အသင်းရဲ့ဒဏ်ရာပြဿနာတွေကြောင့် ဈေးကွက်ထဲဝင်ပြီး ကစားသမားသစ် ရှာဖွေသွားမယ်လို့ ပြောခဲ့ပါတယ်။
”ဈေးကွက်က ဖွင့်တော့မယ်။ ဆိုလိုတာက ကျွန်တော်တို့က အာဆင်နယ်အသင်းပါ။ ကျွန်တော်တို့ ဈေးကွက်ကို ကြည့်နေရမှာပါပဲ။ ကောင်းပြီ၊ ကျွန်တော်တို့ ဘာတွေလိုသလဲ၊ ပြီးတော့ ကျွန်တော်တို့ စောင့်ကြည့်ဖို့တော့ လုပ်နိုင်၊ မလုပ်နိုင်က
ခြားနားတဲ့ဇာတ်လမ်းတစ်ခု ဖန်တီးလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အလုပ်က အမြဲပြင်ဆင်ထားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်စုံတစ်ခုက ဖြစ်ပျက်နိုင်တယ်။ ဒါကြောင့် အပြုသဘောဆောင်တာကို မျှော်လင့်နေရတယ်”လို့ အာတေတာက ပြောခဲ့
ပါတယ်။
အာတေတာဟာ ပြီးခဲ့တဲ့နွေရာသီကာလကလည်း ကစားသမား ရှစ်ဦးကို ပေါင် သန်း ၂၅၀ ပေးပြီး
ခေါ်ယူခဲ့ပါတယ်။
ဒါပေမဲ့ အခုရာသီမှာလည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ရဆဲဖြစ်လို့ ကစားသမားသစ်ရှာဖွေဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။