ဂိုးသမား ဒီယိုဂိုကော်စတာကို ၂၀၃၀ အထိ ပေါ်တိုအသင်း သက်တမ်းတိုးခဲ့ပြီး ယူရိုသန်း(၆၀)တန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆို

ပေါ်တိုအသင်းဟာ ပေါ်တူဂီဂိုးသမား ဒီယိုဂိုကော်စတာကို ၂၀၃၀ အထိ သက်တမ်းတိုးခဲ့ပြီး ယူရိုသန်း(၆၀)တန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။

ဒီယိုဂိုကော်စတာဟာ ပေါ်တိုအကယ်ဒမီက ထွက်ပေါ်လာတဲ့ကစားသမားဖြစ်ပြီး ၂၀၁၉-၂၀ ရာသီမှာကတည်းက ပေါ်တိုအသင်းအတွက် စတင်ကစားခွင့်ရခဲ့သူပါ။

အသက်(၂၆)နှစ်ရှိပြီဖြစ်တဲ့ ဒီယိုဂိုကော်စတာဟာ လက်ရှိအချိန်မှာ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ နံပါတ်(၁)ဂိုးသမားအဖြစ်လည်း ရပ်တည်နေတာကြောင့် ရီးယဲလ်၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ မန်ယူတို့လို ဥရောပထိပ်သီးအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ ပေါ်တိုအသင်းက သက်တမ်းတိုးနိုင်ခဲ့တာပါ။

ဒါပေမဲ့ ပေါ်တိုအသင်းက အရင်က ယူရို(၇၅)သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားတဲ့ ဒီယိုဂိုကော်စတာကို လက်ရှိအချိန်မှာတော့ ယူရိုသန်း(၆၀)တန် လျော်ကြေးစာချုပ် ပြောင်းလဲချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။

”ကျွန်တော် အရမ်းပျော်ရွှင်ပါတယ်။ လူတိုင်းက ဒီအသင်းနဲ့ ကျွန်တော့်ရဲ့ရာဇဝင်ကို သိရှိထားကြတယ်လို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော့်ဆီက ဘာတွေ မျှော်လင့်နိုင်သလဲ ဆိုတာကိုရောပေါ့။ ဒီအသင်းရဲ့ ကစားသမားတစ်ယောက် ဖြစ်လာဖို့က ကျွန်တော့်ရဲ့ အကြီးမားဆုံးအိပ်မက်တစ်ခုပါ” လို့ ဒီယိုဂိုကော်စတာက ပြောကြားခဲ့ပါတယ်။

ဘောလုံးအကြံပြုချက်တွေအတွက် စာရင်းသွင်းရန်




    Recent Post

    222
    မြန်မာဖိုက်တာ မြလုံးချော ခွန်ခမာပွဲအဖြစ် ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်မယ်
    YG NEWS
    ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
    11
    နည်းပြ အယ်လီဂရီကို အေစီမီလန်အသင်း ရာထူးကထုတ်ပယ်
    1
    ဘွန်ဒစ်လီဂါချန်ပီယံဟောင်း ဝုလ်ဖ်ဘတ်အသင်း တန်းဆင်းခဲ့ရ

    Tags

    ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော YG Sports Media Company သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အားကစားမီဒီယာ အဖွဲအစည်းတစ်ခုအဖြစ် လျင်မြန်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို၏တာဝန်မှာ အားကစားသတင်းများအားလုံးကို ပြည့်စုံတိကျစွာပေးပိုနိုင်ရန်ဖြစ်ပါတယ်။ ကျွန်ုပ်တိုနှင့်အတူတကွ အားကစားစိတ်ဓာတ်ကို ဂုဏ်ပြုလိုက်ကြပါစို။

    မူပိုင်ခွင့် @2021 YG Sports။ မူပိုင်ခွင့်ရယူထားပြီးဖြစ်ပါသည်။